Matthew 28:7 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
တ​ပည့်​တော်​တို့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍ `ကိုယ် တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည်​သို့​ကြွ​တော်​မူ​မည် ဖြစ်​၍ ထို​အ​ရပ်​တွင်​ကိုယ်​တော်​ကို​သင်​တို့​တွေ့​ရ ကြ​လိမ့်​မည်' ဟု​ပြော​ကြား​ကြ​လော့။ ငါ​ပြော သည့်​စ​ကား​ကို​မ​မေ့​ကြ​နှင့်'' ဟု​ဆို​၏။
Burmese 1835 Version Judson
အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်။ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။
Burmese 1928
သေ သူ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ ကြောင်း ကို လည်း ကောင်း၊ ယ ခု ပင် သင် တို့ အ ရင် ဂါ လိ လဲ နယ် သို့ ကြွ နှင့် တော် မူ မည့် အ လျောက် ထို နယ် တွင် ဖူး တွေ့ ကြ ရ မည့် အ ကြောင်း ကို လည်း ကောင်း၊ တ ပည့် တော် တို့ ထံ အ မြန် သွား ၍ ပြန် ကြား ကြ လော့။ သင် တို့ အား ငါ ကြား ပြော ပြီ ဟု ဆို ၏။
Burmese 2021
အ​လျင်​အ​မြန်​ပြန်​သွား၍ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​အား ပြော​ကြ​လော့။ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​မည်။ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်၊ ငါ​ပြော​ပြီ​ဟု ထို​မိန်း​မ​တို့​အား ကောင်း​ကင်​တ​မန်​ဆို၏။-
Burmese JBZV
အ​လ်င္​အ​ျမန္​ျပန္​သြား၍ ေသ​ျခင္း​မွ ထ​ေျမာက္​ေတာ္​မူ​ေၾကာင္း​ကို တ​ပည့္​ေတာ္​တို႔​အား ေျပာ​ၾက​ေလာ့။ သင္​တို႔​ေရွ႕ ဂါ​လိ​လဲ​ျပည္​သို႔ ႂကြ​ေတာ္​မူ​မည္။ ထို​ျပည္၌ သင္​တို႔​သည္ ကိုယ္​ေတာ္​ကို ေတြ႕​ျမင္​ရ​ၾက​လိမ့္​မည္၊ ငါ​ေျပာ​ၿပီ​ဟု ထို​မိန္း​မ​တို႔​အား ေကာင္း​ကင္​တ​မန္​ဆို၏။-
Burmese MCLZV
တ​ပည့္​ေတာ္​တို႔​ထံ​သို႔​အ​လ်င္​အ​ျမန္​သြား​၍ `ကိုယ္ ေတာ္​သည္​ေသ​ျခင္း​မွ​ရွင္​ျပန္​ထ​ေျမာက္​ေတာ္​မူ​ၿပီ။ သင္​တို႔​အ​လ်င္​ဂါ​လိ​လဲ​ျပည္​သို႔​ႂကြ​ေတာ္​မူ​မည္ ျဖစ္​၍ ထို​အ​ရပ္​တြင္​ကိုယ္​ေတာ္​ကို​သင္​တို႔​ေတြ႕​ရ ၾက​လိမ့္​မည္' ဟု​ေျပာ​ၾကား​ၾက​ေလာ့။ ငါ​ေျပာ သည့္​စ​ကား​ကို​မ​ေမ့​ၾက​ႏွင့္'' ဟု​ဆို​၏။
Burmese MSBU
ထို့နောက် အလျင်အမြန်​သွား​၍ တပည့်​တော်​တို့​အား ‘ကိုယ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီ။ ကြည့်ရှု​လော့။ ဂါလိလဲ​နယ်​သို့ သင်​တို့​ထက်​အလျင်​ဦးစွာ​ကြွ​နှင့်​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍ ပြောကြား​ကြ​လော့။ သင်​တို့​အား ယခု ငါ​ပြော​ပြီ”​ဟု မြွက်ဆို​လေ​၏။
Burmese MSBZ
ထို႔ေနာက္ အလ်င္အျမန္​သြား​၍ တပည့္​ေတာ္​တို႔​အား ‘ကိုယ္ေတာ္​သည္ ေသ​ေသာ​သူ​တို႔​ထဲမွ ထေျမာက္​ေတာ္မူ​ၿပီ။ ၾကည့္ရႈ​ေလာ့။ ဂါလိလဲ​နယ္​သို႔ သင္​တို႔​ထက္​အလ်င္​ဦးစြာ​ႂကြ​ႏွင့္​ေတာ္မူ​ၿပီ။ သင္​တို႔​သည္ ထို​အရပ္​၌ ကိုယ္ေတာ္​ကို​ေတြ႕ျမင္​ရ​ၾက​လိမ့္မည္’​ဟူ၍ ေျပာၾကား​ၾက​ေလာ့။ သင္​တို႔​အား ယခု ငါ​ေျပာ​ၿပီ”​ဟု ႁမြက္ဆို​ေလ​၏။