Matthew 4:23 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
Burmese 1835 Version Judson
ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
Burmese 1928
ကိုယ် တော် သည် ဓ မ္မာ ရုံ များ၌ ဒေ သ နာ ပေး လျက် ပြည် သူ ပြည် သား တို့ အ လယ် တွင် နိုင် ငံ တော် ဆိုင် ရာ သတင်း တော် မြတ် ကို ကြား ပြော လျက် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ လျက် ဂါ လိ လဲ နယ် တစ် ဝှမ်း လုံး ကို လှည့် လည် တော် မူ၏။
Burmese 2021
ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
Burmese JBZV
ေယရွုသည္ တရားဇရပ္တို႔၌ ဆုံးမဩဝါဒေပးလ်က္၊ နိုင္ငံေတာ္ႏွင့္ယွဥ္ေသာ ဧဝံေဂလိတရားကို ေဟာလ်က္၊ လူတို႔တြင္ အနာေရာဂါအမ်ိဳးမ်ိဳးတို႔ကို ၿငိမ္းေစလ်က္၊ ဂါလိလဲျပည္ တစ္ျပည္လုံးကို ေဒသစာရီ လွည့္လည္ေတာ္မူ၏။
Burmese MCLZV
ကိုယ္ေတာ္သည္ဂါလိလဲျပည္တစ္ေလၽွာက္လုံး ႂကြေတာ္မူလ်က္တရားဇရပ္မ်ားတြင္သြန္ သင္ေတာ္မူ၏။ နိုင္ငံေတာ္အေၾကာင္းသတင္း ေကာင္းကိုေဟာေျပာေတာ္မူ၏။-
Burmese MSBU
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
Burmese MSBZ
ထို႔ေနာက္ ကိုယ္ေတာ္သည္ ဂါလိလဲနယ္တစ္နယ္လုံးကို လွည့္လည္၍ ဝတ္ျပဳစည္းေဝးေက်ာင္း မ်ား၌ သြန္သင္ေတာ္မူကာ ႏိုင္ငံေတာ္ႏွင့္ဆိုင္သည့္ ေကာင္းျမတ္ေသာသတင္းကိုေဟာေျပာလ်က္ လူတို႔ထဲ၌စြဲကပ္ေနေသာ ေရာဂါအမ်ိဳးမ်ိဳးႏွင့္အဖ်ားအနာရွိသမွ်တို႔ကို ေပ်ာက္ကင္းေစေတာ္မူ၏။