Matthew 4:24 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
Burmese 1835 Version Judson
သိတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏ အနာရောဂါကို ငြိမ်းစေတော်မူ၏။
Burmese 1928
ကိုယ် တော့် အ ကြောင်း သ တင်း သည် ရှု ရိ ပြည် လုံး နှံ့ ကြေ ငြာ သ ဖြင့် နတ် ဆိုး ပူး သူ၊ ဝက် ရူး စွဲ သူ၊ သွက် ချာ ပါ ဒ ရောက် သူ တို့ နှင့် တ ကွ ရော ဂါ ဝေ ဒ နာ အ ထူး ထူး အ ထွေ ထွေ ကပ် ရောက် သော သူ နာ ရှိ သ မျှ တို့ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် ကျန်း မာ စေ တော် မူ ၏။
Burmese 2021
သတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏အနာရောဂါကို ငြိမ်းစေတော်မူ၏။
Burmese JBZV
သတင္းေတာ္သည္လည္း ရွုရိျပည္၌ အႏွံ့အျပား ေက်ာ္ေစာသည္ျဖစ္၍ နတ္ဝင္ေသာသူ၊ ဝက္႐ူးစြဲေသာသူ၊ လက္ေျခေသေသာသူမွစေသာ အထူးထူးအျပားျပားေသာ အနာေရာဂါစြဲ၍ မက်န္းမမာေသာသူ ရွိသမၽွတို႔ကို အထံေတာ္သို႔ေဆာင္ခဲ့ၾက၍၊ သူတို႔၏အနာေရာဂါကို ၿငိမ္းေစေတာ္မူ၏။
Burmese MCLZV
ကိုယ္ေတာ္၏သတင္းသည္ရွုရိျပည္တစ္ဝွမ္းလုံး တြင္ပ်ံ႕ႏွံ့၍သြားသျဖင့္လူတို႔သည္နတ္ပူးဝင္ သူ၊ ဝက္႐ူးနာစြဲကပ္သူ၊ ေျခလက္ေသသူမွစ၍ အမ်ိဳးမ်ိဳးေသာအနာေရာဂါစြဲကပ္သူေဝဒနာ ရွင္မ်ားကိုအထံေတာ္သို႔ေခၚေဆာင္ခဲ့ၾက၏။ ကိုယ္ေတာ္သည္ထိုသူအေပါင္းတို႔အားေရာဂါ ေပ်ာက္ကင္းေစေတာ္မူ၏။-
Burmese MSBU
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
Burmese MSBZ
ထိုအခါ ကိုယ္ေတာ္၏သတင္းသည္ ဆီးရီးယားျပည္တစ္ဝန္းလုံးသို႔ ပ်ံ႕ႏွံ႔သြားသျဖင့္ လူတို႔သည္ ေရာဂါအမ်ိဳးမ်ိဳးစြဲကပ္၍ ေဝဒနာခံစားေနရသူမ်ား၊ နတ္ဆိုးပူးသူမ်ား၊ ဝက္႐ူးျပန္ေရာဂါစြဲေသာသူမ်ားႏွင့္ ေလျဖတ္ေသာသူမ်ား စသည့္နာမက်န္းျဖစ္သူအေပါင္းတို႔ကို အထံေတာ္သို႔ေခၚေဆာင္လာၾကရာ ကိုယ္ေတာ္သည္ သူတို႔ကို က်န္းမာေစေတာ္မူ၏။