Matthew 5:32 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်လူတစ်စုံတစ်ယောက်သည်မိမိ၏ဇနီး အားအကျင့်ဖောက်ပြားမှုမရှိဘဲကွာရှင်း၍ ထို အမျိုးသမီးကလည်းနောက်အိမ်ထောင်ပြုသည် ဆိုပါမူ ထိုသူသည်မိမိ၏ဇနီးအားမျောက်မ ထားစေရာရောက်၏။ ထိုအမျိုးသမီးနှင့်အိမ် ထောင်ပြုသူသည်လည်းသူတစ်ပါး၏အိမ်ရာ ကိုပြစ်မှားရာရောက်၏ဟုသင်တို့အားငါဆို၏။
Burmese 1835 Version Judson
ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။
Burmese 1928
ငါ ဆို သည် ကား မ တ ရား သော မေ ထုန် မှု ကြောင့် မှ တစ် ပါး မ ယား ကို ကွာ သော သူ တိုင်း၊ မျောက် မ ထား စေ သူ ဖြစ်၏။ ကွာ ပြီး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သူ တိုင်း လည်း သူ့ သား အိမ် ရာ ကို ပြစ် မှား သူ ဖြစ်၏။
Burmese 2021
ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဖက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။-
Burmese JBZV
ငါပညတ္သည္ကား၊ မွားယြင္းျခင္းအေၾကာင္းမွတစ္ပါး အျခားေသာအေၾကာင္းျဖင့္ မိမိမယားႏွင့္ ကြာေသာသူသည္ မိမိမယားကို မွားယြင္းေစ၏။ ကြာေသာမိန္းမႏွင့္ စုံဖက္ျခင္းကို ျပဳေသာသူသည္လည္း သူ႔မယားကို ျပစ္မွား၏။-
Burmese MCLZV
သို႔ရာတြင္လူတစ္စုံတစ္ေယာက္သည္မိမိ၏ဇနီး အားအက်င့္ေဖာက္ျပားမွုမရွိဘဲကြာရွင္း၍ ထို အမ်ိဳးသမီးကလည္းေနာက္အိမ္ေထာင္ျပဳသည္ ဆိုပါမူ ထိုသူသည္မိမိ၏ဇနီးအားေမ်ာက္မ ထားေစရာေရာက္၏။ ထိုအမ်ိဳးသမီးႏွင့္အိမ္ ေထာင္ျပဳသူသည္လည္းသူတစ္ပါး၏အိမ္ရာ ကိုျပစ္မွားရာေရာက္၏ဟုသင္တို႔အားငါဆို၏။
Burmese MSBU
သို့သော် သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းအကြောင်းမှလွဲ၍ မိမိမယားကိုကွာရှင်းသောသူတိုင်းသည် ထိုမယားအား အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်စေ၏။ ကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
Burmese MSBZ
သို႔ေသာ္ သင္တို႔အား ငါဆိုသည္ကား တရားႏွင့္မညီေမထုန္ျပဳျခင္းအေၾကာင္းမွလြဲ၍ မိမိမယားကိုကြာရွင္းေသာသူတိုင္းသည္ ထိုမယားအား အိမ္ေထာင္ေရးေဖာက္ျပန္မႈကို က်ဴးလြန္ေစ၏။ ကြာရွင္းထားေသာမိန္းမႏွင့္ ထိမ္းျမားစုံဖက္ေသာသူသည္လည္း အိမ္ေထာင္ေရးေဖာက္ျပန္မႈကို က်ဴးလြန္၏။