Matthew 8:28 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်သည်အိုင်တစ်ဖက်ကမ်းရှိဂါဒရနယ် သို့ကြွလာတော်မူ၏။ ထိုအခါနတ်မိစ္ဆာပူးဝင် သူလူနှစ်ယောက်သည် သင်္ချိုင်းဂူများအကြားမှ ထွက်လာပြီးလျှင်ကိုယ်တော်နှင့်တွေ့ဆုံကြ၏။ ထိုသူတို့သည်လွန်စွာဆိုးသွမ်းသဖြင့် မည်သူ မျှထိုလမ်းကိုမသွားဝံ့ကြ။-
Burmese 1835 Version Judson
ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊
Burmese 1928
တစ် ဖက် ကမ်း ရှိ ဂါ ဒ ရ နယ် သို့ ရောက် တော် မူ သော် မည် သူ မျှ ထို လမ်း ကို မ သွား ဝံ့ အောင် အ လွန် ကြမ်း တမ်း သော နတ် ပူး သူ နှစ် ယောက် သည် သင်္ချိုင်း ဂူ များ မှ ထွက် လာ လျက် ဆီး ကြို ပြီး လျှင်၊
Burmese 2021
ကမ်းတစ်ဖက်၊ ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသော လူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊-
Burmese JBZV
ကမ္းတစ္ဖက္၊ ဂါဒရျပည္သို႔ ေရာက္ေတာ္မူေသာအခါ နတ္ဆိုးစြဲေသာ လူႏွစ္ေယာက္တို႔သည္ ထိုလမ္းကို အဘယ္သူမၽွ မသြားနိုင္ေအာင္ အလြန္ၾကမ္းၾကဳတ္စြာျပဳလ်က္၊ သခၤ်ိဳင္းတစျပင္မွ ထြက္လာ၍ ကိုယ္ေတာ္ကို ခရီးဦးႀကိဳျပဳၿပီးလၽွင္၊-
Burmese MCLZV
ကိုယ္ေတာ္သည္အိုင္တစ္ဖက္ကမ္းရွိဂါဒရနယ္ သို႔ႂကြလာေတာ္မူ၏။ ထိုအခါနတ္မိစၧာပူးဝင္ သူလူႏွစ္ေယာက္သည္ သခၤ်ိဳင္းဂူမ်ားအၾကားမွ ထြက္လာၿပီးလၽွင္ကိုယ္ေတာ္ႏွင့္ေတြ႕ဆုံၾက၏။ ထိုသူတို႔သည္လြန္စြာဆိုးသြမ္းသျဖင့္ မည္သူ မၽွထိုလမ္းကိုမသြားဝံ့ၾက။-
Burmese MSBU
ထို့နောက် ကိုယ်တော်သည် ပင်လယ်တစ်ဖက်ကမ်းရှိ ဂါဒရနယ်သားတို့၏အရပ်ဒေသသို့ ရောက်တော်မူလျှင် နတ်ဆိုးပူးသူနှစ်ဦးသည် သင်္ချိုင်းမှထွက်လာ၍ ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အလွန်ကြမ်းတမ်းသည်ဖြစ်၍ ထိုလမ်းကို မည်သူမျှ ဖြတ်၍မသွားနိုင်ကြချေ။
Burmese MSBZ
ထို႔ေနာက္ ကိုယ္ေတာ္သည္ ပင္လယ္တစ္ဖက္ကမ္းရွိ ဂါဒရ နယ္သားတို႔၏အရပ္ေဒသသို႔ ေရာက္ေတာ္မူလွ်င္ နတ္ဆိုးပူးသူႏွစ္ဦးသည္ သခ်ႋဳင္းမွထြက္လာ၍ ကိုယ္ေတာ္ကိုဆီးႀကိဳၾက၏။ သူတို႔သည္ အလြန္ၾကမ္းတမ္းသည္ျဖစ္၍ ထိုလမ္းကို မည္သူမွ် ျဖတ္၍မသြားႏိုင္ၾကေခ်။