Micah 3:8 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါမူကား၊ ဣသရေလအမျိုးသားတို့အား မိမိတို့ပုန်ကန်ကူးလွန်သည့်အပြစ်များ ကိုထုတ်ဖော်ကြေညာရန် ထာဝရဘုရား၏ ဝိညာဉ်တော်အရှိန်တန်ခိုး၊ တရားမျှတစွာ စီရင်နိုင်စွမ်း၊ ရဲစွမ်းသတ္တိတို့နှင့်ပြည့်ဝ၏။-
Burmese 1835 Version Judson
ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။
Burmese 1928
ငါ မှာ မူ၊ ယာ ကုပ် အ မျိုး အား ကိုယ့် လွန် ကျူး မှု၊ ဣ သ ရေ လ အ မျိုး အား ကိုယ့် ပြစ် မှု ကို ဖော် ပြ အံ့ သော ငှာ၊ ထာ ဝ ရ ဘု ရား၏ ဝိညာဉ် တော် ကြောင့်၊ အ စွမ်း သ တ္တိ၊ ဉာဏ် သ တ္တိ၊ နှုတ် သ တ္တိ နှင့် ပြည့် စုံ လေ ပြီ။
Burmese 2021
ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသရေလအမျိုး ပြစ်မှားခြင်းကို သူတို့အား ဖော်ပြနိုင်မည်အကြောင်း၊ ထာဝရဘုရား၏ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။
Burmese JBZV
ငါမူကား၊ ယာကုပ္အမ်ိဳး လြန္က်ဴးျခင္း၊ ဣသေရလအမ်ိဳး ျပစ္မွားျခင္းကို သူတို႔အား ေဖာ္ျပနိုင္မည္အေၾကာင္း၊ ထာဝရဘုရား၏ဝိညာဥ္ေတာ္အားျဖင့္ အရွိန္တန္ခိုး၊ ဉာဏ္သတၱိ၊ အစြမ္းသတၱိႏွင့္ ျပည့္စုံ၏။
Burmese MCLZV
ငါမူကား၊ ဣသေရလအမ်ိဳးသားတို႔အား မိမိတို႔ပုန္ကန္ကူးလြန္သည့္အျပစ္မ်ား ကိုထုတ္ေဖာ္ေၾကညာရန္ ထာဝရဘုရား၏ ဝိညာဥ္ေတာ္အရွိန္တန္ခိုး၊ တရားမၽွတစြာ စီရင္နိုင္စြမ္း၊ ရဲစြမ္းသတၱိတို႔ႏွင့္ျပည့္ဝ၏။-
Burmese MSBU
အကျွန်ုပ်မူကား ယာကုပ်ပုန်ကန်သောအပြစ်၊ အစ္စရေးကျူးလွန်သောအပြစ်ကို ဖော်ပြနိုင်ရန် ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုးနှင့်လည်းကောင်း၊ တရားမျှတမှုနှင့် အစွမ်းတန်ခိုးတို့နှင့်လည်းကောင်း ပြည့်ဝ၏။
Burmese MSBZ
အကြၽႏ္ုပ္မူကား ယာကုပ္ပုန္ကန္ေသာအျပစ္၊ အစၥေရးက်ဴးလြန္ေသာအျပစ္ကို ေဖာ္ျပႏိုင္ရန္ ထာဝရဘုရား၏ဝိညာဥ္ေတာ္တန္ခိုးႏွင့္လည္းေကာင္း၊ တရားမွ်တမႈႏွင့္ အစြမ္းတန္ခိုးတို႔ႏွင့္လည္းေကာင္း ျပည့္ဝ၏။