Micah 6:2 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကမ္ဘာ​မြေ​ကြီး​၏​တည်​မြဲ​သော​အ​ခြေ​အ​မြစ် ဖြစ်​သည့်​တောင်​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏ စွပ်​စွဲ​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့၊ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​စွဲ​ချက်​တင်​ရန်​ရှိ​တော်​မူ​သည်။ ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​အ​မှု​ဆိုင်​ရန်​ရှိ​သည်။
Burmese 1835 Version Judson
အိုတောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရ ဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရ ဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေ လအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။
Burmese 1928
အို တောင် တို့၊ အို တည် မြဲ သော မြေ ပ ထ ဝီ အ ခြေ အ မြစ် တို့၊ ငါ ထာ ဝ ရ ဘု ရား ၏ ဘက် ပြိုင် ချက် ကို နာ ခံ ကြ လော့။ ငါ ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး တော် နှင့် ဘက် ပြိုင် ရန် အ ကြောင်း ရှိ လျက်၊ ဣ သ ရေ လ လူ မျိုး နှင့် ဆင် ခြေ တက် လိမ့် မည်။
Burmese 2021
အို တောင်​တို့၊ ခိုင်​ခံ့​သော​မြေ​အ​မြစ်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တွေ့​မှု​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​နှင့် တ​ရား​တွေ့​စ​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဆွေး​နွေး​ငြင်း​ခုံ​တော်​မူ​မည်။
Burmese JBZV
အို ေတာင္​တို႔၊ ခိုင္​ခံ့​ေသာ​ေျမ​အ​ျမစ္​တို႔၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​ေတြ႕​မွု​ကို နား​ေထာင္​ၾက​ေလာ့။ ထာ​ဝ​ရ​ဘု​ရား​သည္ မိ​မိ​လူ​မ်ိဳး​ႏွင့္ တ​ရား​ေတြ႕​စ​ရာ​ရွိ၏။ ဣ​သ​ေရ​လ​အ​မ်ိဳး​ႏွင့္ ေဆြး​ေႏြး​ျငင္း​ခုံ​ေတာ္​မူ​မည္။
Burmese MCLZV
ကမၻာ​ေျမ​ႀကီး​၏​တည္​ျမဲ​ေသာ​အ​ေျခ​အ​ျမစ္ ျဖစ္​သည့္​ေတာင္​မ်ား​တို႔၊ ထာ​ဝ​ရ​ဘု​ရား​၏ စြပ္​စြဲ​ေတာ္​မူ​ခ်က္​ကို​နား​ေထာင္​ၾက​ေလာ့၊ ထာ​ဝ​ရ​ဘု​ရား​သည္​မိ​မိ​၏​လူ​မ်ိဳး​ေတာ္ အား​စြဲ​ခ်က္​တင္​ရန္​ရွိ​ေတာ္​မူ​သည္။ ကိုယ္ ေတာ္​သည္​ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔ ႏွင့္​အ​မွု​ဆိုင္​ရန္​ရွိ​သည္။
Burmese MSBU
အို တောင်​များ​တို့​၊ အို ခိုင်ခံ့​သော​မြေကြီး​အုတ်မြစ်​တို့​၊ ထာဝရဘုရား​၏​စွဲချက်​ကို​နားထောင်​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို စွဲချက်တင်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​နှင့် အချေအတင်​ပြောဆို​တော်မူ​မည်​။
Burmese MSBZ
အို ေတာင္​မ်ား​တို႔​၊ အို ခိုင္ခံ့​ေသာ​ေျမႀကီး​အုတ္ျမစ္​တို႔​၊ ထာဝရဘုရား​၏​စြဲခ်က္​ကို​နားေထာင္​ၾက​ေလာ့​။ အေၾကာင္းမူကား ထာဝရဘုရား​သည္ မိမိ​လူမ်ိဳး​ေတာ္​ကို စြဲခ်က္တင္​ေတာ္မူ​ၿပီ​။ အစၥေရး​လူမ်ိဳး​ႏွင့္ အေခ်အတင္​ေျပာဆို​ေတာ္မူ​မည္​။