Micah 6:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Burmese 1835 Version Judson
အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို၎င်း၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို၎င်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရ ဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
Burmese 1928
အို ငါ့ လူ မျိုး၊ ငါ ထာ ဝ ရ ဘု ရား၏ တ ရား မှု များ ကို သိ မှတ် ရ အံ့ သော ငှာ၊ မော ဘ ဘု ရင် ဗာ လက် မင်း ကြံ စည် ချက် နှင့်၊ ဗော ရ သား ဗာ လံ၏ တုံ့ ပြန် ချက် ကို လည်း ကောင်း၊ ရှိ တ္တိမ် မြို့ မှ ဂိ လ ဂါ လ မြို့ ခ ရီး အ ကြား တွင် အ ဖြစ် အ ပျက် များ ကို လည်း ကောင်း၊ သ တိ ရ လော့ ဟူ၍ တည်း။
Burmese 2021
အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံကိုလည်းကောင်း၊ ဗောရသား ဗာလမ်ပြန်ပြောသော စကားကိုလည်းကောင်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရဘုရား၏ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
Burmese JBZV
အို ငါ၏လူမ်ိဳး၊ ရွိတၱိမ္ၿမိဳ႕ႏွင့္ ဂိလဂါလၿမိဳ႕ စပ္ၾကားမွာ ေမာဘမင္းႀကီး ဗာလက္ႀကံစည္ေသာ အႀကံကိုလည္းေကာင္း၊ ေဗာရသား ဗာလမ္ျပန္ေျပာေသာ စကားကိုလည္းေကာင္း ေအာက္ေမ့ေလာ့။ ထိုသို႔ ေအာက္ေမ့မိလၽွင္၊ ထာဝရဘုရား၏ေျဖာင့္မတ္ေတာ္မူျခင္းကို နားလည္လိမ့္မည္။
Burmese MCLZV
ငါ၏လူမ်ိဳးေတာ္တို႔၊ ေမာဘျပည့္ရွင္ဗာလက္ မင္းက သင္တို႔ပ်က္စီးရာပ်က္စီးေၾကာင္းမည္ ကဲ့သို႔ႀကံစည္ခဲ့သည္ကိုလည္းေကာင္း၊ ေဗာရ ၏သားဗာလမ္ကဘုရင္အားမည္ကဲ့သို႔ျပန္ ေျပာသည္ကိုလည္းေကာင္း သတိရၾကေလာ့၊ အေကးရွားစခန္းမွဂိလဂါလၿမိဳ႕သို႔ သြားေသာခရီးလမ္းတြင္ ေတြ႕ၾကဳံခဲ့ရေသာ အျဖစ္အပ်က္မ်ားကိုသတိရၾကလၽွင္ ထာဝရဘုရားသည္သင္တို႔အားမည္ကဲ့ သို႔ ကယ္တင္ေတာ္မူခဲ့ေၾကာင္းသင္တို႔သိ ျမင္ၾကလိမ့္မည္'' ဟုမိန႔္ေတာ္မူ၏။
Burmese MSBU
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။
Burmese MSBZ
အို ငါ့လူမ်ိဳးေတာ္၊ ထာဝရဘုရားေျဖာင့္မတ္ေတာ္မူေၾကာင္း သင္ သိႏိုင္ရန္ ေမာဘဘုရင္ဗာလက္မင္းႀကီး မည္သို႔ႀကံစည္ခဲ့သည္ကိုလည္းေကာင္း၊ သူ႔အား ေဗာရသား ဗာလမ္ မည္သို႔ျပန္လည္ေျဖၾကားခဲ့သည္ကိုလည္းေကာင္း၊ ရွိတၱိမ္ၿမိဳ႕ႏွင့္ ဂိလဂါလၿမိဳ႕ၾကား မည္သည့္အရာျဖစ္ပ်က္ခဲ့သည္ကိုလည္းေကာင္း ေအာက္ေမ့ေလာ့”ဟု မိန႔္ေတာ္မူ၏။
Recommended Reading