Micah 7:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မျှော်လင့်ချက်ကုန်ပြီ၊ ငါသည်ဆာလောင် သဖြင့် အပင်မှအသီးကိုသော်လည်းကောင်း၊ စပျစ်နွယ်မှစပျစ်သီးကိုသော်လည်းကောင်း ရှာသော်လည်း တစ်လုံးကိုမျှမတွေ့ရသော သူကဲ့သို့ဖြစ်၏။ စပျစ်သီးရှိသမျှနှင့်စား ချင်ဖွယ်ကောင်းသောသဖန်းသီးရှိသမျှ ကိုဆွတ်ခူးသွားကြပြီ။-
Burmese 1835 Version Judson
ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့၎င်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့၎င်း ငါဖြစ်၏။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ၏။
Burmese 1928
အ ကျိုး နည်း လေ စွ။ အ သီး ဆွတ် ပြီး သော အ ပင်၊ ကောက် သိမ်း ပြီး စ ပျစ် သ ဖွယ် ဖြစ် သော ငါ၌၊ သုံး ဆောင် ရန် စ ပျစ် ပြွတ် တစ် ခိုင်၊ တပ် မက် ရန် သ ဖန်း သီး တစ် လုံး မျှ မ ရှိ ချေ။
Burmese 2021
ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့လည်းကောင်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့လည်းကောင်း ငါဖြစ်၏။ စားစရာဖို့ စပျစ်သီးပြွတ် မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီးကို ငါတောင့်တရ၏။
Burmese JBZV
ငါသည္ အမဂၤလာရွိ၏။ ေႏြကာလ၌ ဆြတ္ေသာ သေဘၤာသဖန္းသီးကဲ့သို႔လည္းေကာင္း၊ လိုက္၍ ေကာက္ေသာ စပ်စ္သီး အက်န္အႂကြင္းကဲ့သို႔လည္းေကာင္း ငါျဖစ္၏။ စားစရာဖို႔ စပ်စ္သီးႁပြတ္ မရွိ။ အဦးမွည့္ေသာ သေဘၤာသဖန္းသီးကို ငါေတာင့္တရ၏။
Burmese MCLZV
ေမၽွာ္လင့္ခ်က္ကုန္ၿပီ၊ ငါသည္ဆာေလာင္ သျဖင့္ အပင္မွအသီးကိုေသာ္လည္းေကာင္း၊ စပ်စ္ႏြယ္မွစပ်စ္သီးကိုေသာ္လည္းေကာင္း ရွာေသာ္လည္း တစ္လုံးကိုမၽွမေတြ႕ရေသာ သူကဲ့သို႔ျဖစ္၏။ စပ်စ္သီးရွိသမၽွႏွင့္စား ခ်င္ဖြယ္ေကာင္းေသာသဖန္းသီးရွိသမၽွ ကိုဆြတ္ခူးသြားၾကၿပီ။-
Burmese MSBU
ငါ၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား ငါသည် နွေရာသီသီးနှံရိတ်သိမ်းသူများ၊ စပျစ်ခြံ၌ အသီးကျန်လိုက်ခူးသူများနှင့်တူလေပြီ။ စားစရာစပျစ်သီးခိုင် တစ်ခိုင်မျှမရှိ၊ အဦးဆုံးမှည့်သောအသီးကို စားလိုစိတ်ရှိသော်လည်း တစ်လုံးမျှမရှိ။
Burmese MSBZ
ငါ၌ အမဂၤလာရွိ၏။ အေၾကာင္းမူကား ငါသည္ ေႏြရာသီသီးႏွံရိတ္သိမ္းသူမ်ား၊ စပ်စ္ၿခံ၌ အသီးက်န္လိုက္ခူးသူမ်ားႏွင့္တူေလၿပီ။ စားစရာစပ်စ္သီးခိုင္ တစ္ခိုင္မွ်မရွိ၊ အဦးဆုံးမွည့္ေသာအသီးကို စားလိုစိတ္ရွိေသာ္လည္း တစ္လုံးမွ်မရွိ။