Micah 7:14 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အို ထာဝရဘုရား၊ ကိုယ်တော်ရွေးကောက်သော လူမျိုးတော်အားသိုးထိန်းသဖွယ်စောင့်ရှောက် တော်မူပါ။ သူတို့အားရှေးအခါကမြက်ပေါ များရာ ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်များတွင် ကျက်စားစေသကဲ့သို့ယခုလည်းပြည် တော်တွင်နေထိုင်စေတော်မူပါ။
Burmese 1835 Version Judson
ကိုယ်တော်၏လူတည်းဟူသော အပေါင်း အဘော်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရ သော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော် မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည် ၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ။
Burmese 1928
အ သီး အ ခြား နေ ထိုင် လျက်၊ ပိုင် တော် မူ ရာ သိုး အုပ် တည်း ဟူ သော လူ မျိုး တော် ကို၊ တောင် ဝေး တော် နှင့် ထိန်း ကျောင်း တော် မူ ပါ။ ယ မန် ကဲ့ သို့၊ က ရ မေ လ မြိုင်၊ ဗာ ရှန် နှင့် ဂိ လဒ် နယ် များ ၌၊ ကျက် စား ကြ ပါ စေ သော။
Burmese 2021
ကိုယ်တော်၏ လူတည်းဟူသော အပေါင်းအဖော်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရသော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော်မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ။
Burmese JBZV
ကိုယ္ေတာ္၏ လူတည္းဟူေသာ အေပါင္းအေဖာ္မရွိဘဲ၊ ေတာတြင္ ကရေမလေတာင္ေပၚမွာ ေနရေသာ အေမြေတာ္သိုးစုကို သိုးထိန္းႏွင္တံႏွင့္ ထိန္းေတာ္မူပါ။ ေရွးကာလ၌ ရွိသကဲ့သို႔၊ ဗာရွန္ျပည္ႏွင့္ ဂိလဒ္ျပည္၌ က်က္စားေသာ အခြင့္ကို ေပးေတာ္မူပါ။
Burmese MCLZV
အို ထာဝရဘုရား၊ ကိုယ္ေတာ္ေရြးေကာက္ေသာ လူမ်ိဳးေတာ္အားသိုးထိန္းသဖြယ္ေစာင့္ေရွာက္ ေတာ္မူပါ။ သူတို႔အားေရွးအခါကျမက္ေပါ မ်ားရာ ဗာရွန္ျပည္ႏွင့္ဂိလဒ္ျပည္မ်ားတြင္ က်က္စားေစသကဲ့သို႔ယခုလည္းျပည္ ေတာ္တြင္ေနထိုင္ေစေတာ္မူပါ။
Burmese MSBU
စားကျက်မြေကောင်းသည့်တောမြိုင်အလယ်တွင် သီးသန့်နေသော ကိုယ်တော်၏အမွေတော်သိုးစုဖြစ်သည့် ကိုယ်တော်၏လူမျိုးတော်ကို တောင်ဝှေးတော်ဖြင့် ထိန်းကျောင်းတော်မူပါ။ ရှေးယခင် ဗာရှန်ပြည်၊ ဂိလဒ်ပြည်မှာကဲ့သို့ သူတို့ကို ကျွေးမွေးတော်မူပါ။
Burmese MSBZ
စားက်က္ေျမေကာင္းသည့္ေတာၿမိဳင္အလယ္တြင္ သီးသန႔္ေနေသာ ကိုယ္ေတာ္၏အေမြေတာ္သိုးစုျဖစ္သည့္ ကိုယ္ေတာ္၏လူမ်ိဳးေတာ္ကို ေတာင္ေဝွးေတာ္ျဖင့္ ထိန္းေက်ာင္းေတာ္မူပါ။ ေရွးယခင္ ဗာရွန္ျပည္၊ ဂိလဒ္ျပည္မွာကဲ့သို႔ သူတို႔ကို ေကြၽးေမြးေတာ္မူပါ။