Nahum 2:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
စစ်မြင်းရထားတို့သည်လမ်းများတွင်အပြင်း နှင်ကာ၊ လူထုစုဝေးရာကွက်လပ်များတွင် အစုံအဆန်ပြေးကြကုန်၏။ ယင်းတို့သည်မီးရှူးတိုင်များသဖွယ် တောက်ပလျက်၊ လျှပ်စစ်ပြက်သကဲ့သို့လျင်မြန်ကြ၏။
Burmese 1835 Version Judson
ရထားတို့သည် လမ်း၌ ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရူးအဆင်း အရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။
Burmese 1928
မြို့ ပြင် လမ်း မ များ တွင် စစ် ရ ထား များ သည် လျှပ် စစ် ပြက် သ ကဲ့ သို့ မီး ရှုး သ ဖွယ် ခေါက် တုံ့ ခေါက် ပြန် လျင် လျင် သွား လာ သည် တ ကား။
Burmese 2021
ရထားတို့သည် လမ်း၌ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရှူးအဆင်းအရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။
Burmese JBZV
ရထားတို႔သည္ လမ္း၌ဟုန္းဟုန္းျမည္၍၊ လမ္းမတို႔၌ ေတာင္ေျမာက္ေျပးၾက၏။ မီးရွူးအဆင္းအေရာင္ရွိ၍၊ လၽွပ္စစ္ကဲ့သို႔ ေျပးၾက၏။
Burmese MCLZV
စစ္ျမင္းရထားတို႔သည္လမ္းမ်ားတြင္အျပင္း ႏွင္ကာ၊ လူထုစုေဝးရာကြက္လပ္မ်ားတြင္ အစုံအဆန္ေျပးၾကကုန္၏။ ယင္းတို႔သည္မီးရွူးတိုင္မ်ားသဖြယ္ ေတာက္ပလ်က္၊ လၽွပ္စစ္ျပက္သကဲ့သို႔လ်င္ျမန္ၾက၏။
Burmese MSBU
မြင်းရထားသည် လမ်းမတစ်လျှောက် ဒုန်းစိုင်းပြေးလာ၏။ လဟာပြင်တွင် ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေပုံမှာ မီးရှူးမီးပန်းဖောက်သကဲ့သို့လည်းကောင်း၊ လျှပ်စီးတဖျပ်ဖျပ်လက်သကဲ့သို့လည်းကောင်း ဖြစ်၏။
Burmese MSBZ
ျမင္းရထားသည္ လမ္းမတစ္ေလွ်ာက္ ဒုန္းစိုင္းေျပးလာ၏။ လဟာျပင္တြင္ ေခါက္တုံ႔ေခါက္ျပန္ ေျပးလႊားေနပုံမွာ မီးရႉးမီးပန္းေဖာက္သကဲ့သို႔လည္းေကာင္း၊ လွ်ပ္စီးတဖ်ပ္ဖ်ပ္လက္သကဲ့သို႔လည္းေကာင္း ျဖစ္၏။