Nahum 2:5 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
တပ်​မှူး​တို့​ကို​ဆင့်​ခေါ်​လိုက်​သော​အ​ခါ သူ​တို့​သည်​ခ​လုတ်​တိုက်​၍​ပြို​လဲ​မ​တတ် ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ ထိုး​စစ်​ဆင်​သူ​တို့​သည်​မြို့​ရိုး​ရှိ​ရာ​သို့ အ​လျင်​အမြန် ပြေး​လာ​ပြီး​လျှင်၊ဒိုင်း​လွှား​များ​ဖြင့် အ​ကွယ်​အ​ကာ​ယူ​ကာ​ခံ​တပ်​ဖြို​သော တင်း​ပုတ်​ကြီး​များ​ကို​တပ်​ဆင်​ကြ​၏။
Burmese 1835 Version Judson
စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင် အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။
Burmese 1928
ဗိုလ် မင်း တို့ ကို မိန့် ခေါ် သည့် အ တိုင်း မြို့ ရိုး ကို ဖောက် ရန် ခ လုတ် မ ရှောင် အ သော့ ချီ လာ ပြီး လျှင်
Burmese 2021
စစ်​သူ​ရဲ​တို့​ကို နှိုး​ဆော်​တော်​မူ၏။ သူ​တို့​သည် ချီ​သွား​စဉ် သူ​တစ်​ပါး​ကို တွန်း​ချ​ကြ၏။ မြို့​ရိုး​သို့ အ​လျင်​အ​မြန်​သွား၍ ပြ​အိုး​တို့​ကို ပြင်​ဆင်​ကြ၏။
Burmese JBZV
စစ္​သူ​ရဲ​တို႔​ကို ႏွိုး​ေဆာ္​ေတာ္​မူ၏။ သူ​တို႔​သည္ ခ်ီ​သြား​စဥ္ သူ​တစ္​ပါး​ကို တြန္း​ခ်​ၾက၏။ ၿမိဳ႕​ရိုး​သို႔ အ​လ်င္​အ​ျမန္​သြား၍ ျပ​အိုး​တို႔​ကို ျပင္​ဆင္​ၾက၏။
Burmese MCLZV
တပ္​မွူး​တို႔​ကို​ဆင့္​ေခၚ​လိုက္​ေသာ​အ​ခါ သူ​တို႔​သည္​ခ​လုတ္​တိုက္​၍​ၿပိဳ​လဲ​မ​တတ္ ေရွ႕​သို႔​ခ်ီ​တက္​လာ​ၾက​၏။ ထိုး​စစ္​ဆင္​သူ​တို႔​သည္​ၿမိဳ႕​ရိုး​ရွိ​ရာ​သို႔ အ​လ်င္​အျမန္ ေျပး​လာ​ၿပီး​လၽွင္၊ဒိုင္း​လႊား​မ်ား​ျဖင့္ အ​ကြယ္​အ​ကာ​ယူ​ကာ​ခံ​တပ္​ၿဖိဳ​ေသာ တင္း​ပုတ္​ႀကီး​မ်ား​ကို​တပ္​ဆင္​ၾက​၏။
Burmese MSBU
သူ​သည် သူ​၏​မှူးမတ်​တို့​ကို သတိရ​လေ​၏​။ သူ​တို့​သည် လမ်း​၌​ခလုတ်တိုက်​လဲကျ​ပြီး မြို့ရိုး​သို့ အလျင်အမြန်​ပြေးလာ​၍ ဒိုင်းလွှား​များ​ဆောင်​လျက် အဆင်သင့် နေရာယူ​ကြ​၏​။
Burmese MSBZ
သူ​သည္ သူ​၏​မႉးမတ္​တို႔​ကို သတိရ​ေလ​၏​။ သူ​တို႔​သည္ လမ္း​၌​ခလုတ္တိုက္​လဲက်​ၿပီး ၿမိဳ႕႐ိုး​သို႔ အလ်င္အျမန္​ေျပးလာ​၍ ဒိုင္းလႊား​မ်ား​ေဆာင္​လ်က္ အဆင္သင့္ ေနရာယူ​ၾက​၏​။