Nahum 3:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သင်သည်အဘယ်သို့ပင်ပြုသော်လည်းမီးသင့် လောင်ပြီးစစ်ပွဲတွင်ကျဆုံး၍သေလိမ့်မည်။ ကျိုင်းကောင်များကိုက်ဖျက်လိုက်သည့်အသီး အနှံများကဲ့သို့သင်သည်အစတုန်း၍သွား လိမ့်မည်။ သင်သည်ကျိုင်းကောင်များကဲ့သို့လူဦးရေ တိုးပွားစေခဲ့၏။-
Burmese 1835 Version Judson
ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ထား နှင့်ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်း ကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေ ခြင်းငှါ ကြိုးစားလော့။
Burmese 1928
ကျိုင်း အုပ်၊ ကျိုင်း ပေါက် နှင့် အ မျှ များ ပြား စေ ဦး တော့ ရှိ ရင်း အ ရပ်၌ ပင် မီး သည် ကျွမ်း လောင် လျက် ထား လည်း ကျိုင်း ကောင် ကဲ့ သို့ မျို စား၍ ပယ် ရှား လိမ့် မည်။
Burmese 2021
ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ဓားနှင့် ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်းကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေခြင်းငှာ ကြိုးစားလော့။
Burmese JBZV
ထိုအရပ္၌ပင္ သင့္ကို မီးေလာင္လိမ့္မည္။ ဓားႏွင့္ ခုတ္ျဖတ္လိမ့္မည္။ ယာလက္က်ိဳင္းကိုက္စားသကဲ့သို႔ ကိုက္စားလိမ့္မည္။ ယာလက္က်ိဳင္းႏွင့္ အရာဘက်ိဳင္းေကာင္တို႔သည္ မ်ားသကဲ့သို႔ သင္၏လူတို႔ကို မ်ားျပားေစျခင္းငွာ ႀကိဳးစားေလာ့။
Burmese MCLZV
သင္သည္အဘယ္သို႔ပင္ျပဳေသာ္လည္းမီးသင့္ ေလာင္ၿပီးစစ္ပြဲတြင္က်ဆုံး၍ေသလိမ့္မည္။ က်ိဳင္းေကာင္မ်ားကိုက္ဖ်က္လိုက္သည့္အသီး အႏွံမ်ားကဲ့သို႔သင္သည္အစတုန္း၍သြား လိမ့္မည္။ သင္သည္က်ိဳင္းေကာင္မ်ားကဲ့သို႔လူဦးေရ တိုးပြားေစခဲ့၏။-
Burmese MSBU
ထိုအရပ်၌ပင် သင်သည် မီးလောင်ခံရမည်။ ဓားဖြင့် ခုတ်သတ်ခံရမည်။ ယာလက်ကျိုင်းဝါးမျိုခံရသကဲ့သို့ ဝါးမျိုခံရမည်။ သင့်ကိုယ်သင် ယာလက်ကျိုင်းကဲ့သို့ တိုးပွားစေလော့။ သင့်ကိုယ်သင် အရာဘကျိုင်းကဲ့သို့ တိုးပွားစေလော့။
Burmese MSBZ
ထိုအရပ္၌ပင္ သင္သည္ မီးေလာင္ခံရမည္။ ဓားျဖင့္ ခုတ္သတ္ခံရမည္။ ယာလက္က်ိဳင္းဝါးမ်ိဳခံရသကဲ့သို႔ ဝါးမ်ိဳခံရမည္။ သင့္ကိုယ္သင္ ယာလက္က်ိဳင္းကဲ့သို႔ တိုးပြားေစေလာ့။ သင့္ကိုယ္သင္ အရာဘက်ိဳင္းကဲ့သို႔ တိုးပြားေစေလာ့။