Nehemiah 1:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
Burmese 1835 Version Judson
အို ဘုရားရှင်၊ ကိုယ်တော် ကျွန်ပြုသော ပဌနာ စကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များ ပြုသော ပဌနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းကြီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနား တော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင် ဘုရင်၏ ဖလားတော်ကို ဖြစ်သတည်း။
Burmese 1928
အို အ ရှင် ဘု ရား၊ နာ မ တော် ကို ကြည် ညို ခန့် ညား သော ကျွန် တော် မျိုး မှ စ၍ ကျွန် တော် အ ပေါင်း တို့ ပ ဌ နာ ကို နား ညောင်း လျက်၊ ယ နေ့ ပင် ကျွန် တော် မျိုး ကို ကောင်း ကျိုး ပေး၍၊ ဤ သူ့ ရှေ့ မျက် နှာ ရ စေ တော် မူ ပါ ဟု တောင်း လျှောက် လေ၏။ ထို အ ခါ၊ ငါ ကား ရေ ကြည် ဝန် ဖြစ် သ တည်း။
Burmese 2021
အို ဘုရားရှင်၊ ကိုယ်တော်ကျွန်ပြုသော ပတ္ထနာစကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များပြုသော ပတ္ထနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ ကောင်ချီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင်ဘုရင်၏ ဖလားတော်ကိုင် ဖြစ်သတည်း။
Burmese JBZV
အို ဘုရားရွင္၊ ကိုယ္ေတာ္ကၽြန္ျပဳေသာ ပတၳနာစကားႏွင့္ နာမေတာ္ကို ရိုေသခ်င္ေသာ ကၽြန္ေတာ္မ်ားျပဳေသာ ပတၳနာစကားကို နားေထာင္ေတာ္မူပါ။ ကိုယ္ေတာ္ကၽြန္ကို ယေန႔ ေကာင္ခ်ီးေပးေတာ္မူပါ။ ဤလူေရွ႕မွာ မ်က္ႏွာရပါမည္အေၾကာင္း ကယ္မသနားေတာ္မူပါဟု ဆုေတာင္းေလ၏။ ထိုအခါ ငါသည္ ရွင္ဘုရင္၏ ဖလားေတာ္ကိုင္ ျဖစ္သတည္း။
Burmese MCLZV
အကၽြန္ုပ္၏ဆုေတာင္းပတၳနာကိုလည္းေကာင္း၊ ကိုယ္ေတာ္အားရိုေသေသာကိုယ္ေတာ့္ကၽြန္ မ်ား၏ဆုေတာင္းပတၳနာကိုလည္းေကာင္း နားေညာင္းေတာ္မူပါ။ ယေန႔အကၽြန္ုပ္အား ေအာင္ျမင္ခြင့္ကိုေပးေတာ္မူပါ။ ဧကရာဇ္ မင္းအားအကၽြန္ုပ္၏အေပၚတြင္က႐ုဏာ ထားေစေတာ္မူပါ'' ဟုငါသည္ဘုရားသခင္ထံေတာ္သို႔ဆုေတာင္းပတၳနာျပဳ၏။ ထိုစဥ္အခါကငါသည္ဧကရာဇ္မင္း ႀကီးအားစပ်စ္ရည္ဆက္သရသူျဖစ္၏။
Burmese MSBU
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
Burmese MSBZ
အို ဘုရားရွင္၊ ကိုယ္ေတာ့္အေစအပါး၏ဆုေတာင္းသံကို နားေညာင္းေတာ္မူပါ။ ကိုယ္ေတာ္၏နာမေတာ္အား ေၾကာက္႐ြံ႕႐ိုေသရသည္ကိုႏွစ္သက္ေသာ ကိုယ္ေတာ့္အေစအပါးတို႔၏ဆုေတာင္းသံကို နားေညာင္းေတာ္မူပါ။ ယေန႔ ကိုယ္ေတာ့္အေစအပါးအား ေအာင္ျမင္ခြင့္ေပးေတာ္မူပါ။ မင္းႀကီးေရွ႕မွာ ဤလူမ်က္ႏွာသာရပါေစေသာ”ဟု ဆုေတာင္း၏။ ထိုစဥ္က ငါသည္ ရွင္ဘုရင္၏ဖလားေတာ္ဝန္ ျဖစ္၏။