Nehemiah 11:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အခြားမြို့ရွာများတွင်ဣသရေလအမျိုး သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ် ဝင်များ၊ ဗိမာန်တော်အလုပ်သမားများ၊ ရှော လမုန်၏အစေခံများမှဆင်းသက်လာ သူများသည်ကိုယ်ပိုင်အိမ်များတွင်နေထိုင် ကြလေသည်။ ယေရုရှလင်မြို့တွင်နေထိုင်သောယုဒပြည် နယ်အကြီးအကဲများကိုဖော်ပြအံ့။
Burmese 1835 Version Judson
ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရော ဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန့်၏ ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊
Burmese 1928
ယု ဒ ပြည်၊ ပိုင် ဆိုင် ရာ မြို့ ရွာ များ တွင်၊ အ သည် သား များ၊ ပ ရော ဟိတ် များ၊ လေ ဝိ ဂိုဏ်း သား များ၊ ကျွန် သီး တော် များ၊ ရှော လ မုန် မင်း ထား ခဲ့ သော ဘု ရား ကျွန် အ ဆက် အ နွယ် များ တို့ နေ ထိုင် ကြ ၏။ အ အုပ် အ ချုပ် တို့ နှင့် တ ကွ၊ ယု ဒ၊ ဗင်္ယာ မိန့် အ နွယ် သား တို့ အ နက်၊ ယေ ရု ရှ လင် မြို့၌ နေ ထိုင် ရ သူ တို့ ကား၊ ယု ဒ အ နွယ်၊ ဖာ ရက် အ ဆက်၊ မ ဟာ လေ လ၊ ရှေ ဖ တိ၊ အာ မ ရိ၊ ဇာ ခ ရိ၊ ဩ ဇိ တို့ မှ ဆင်း သက် သော အ သာ ယ။
Burmese 2021
ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန်၏ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊
Burmese JBZV
ယုဒၿမိဳ႕ရြာတို႔တြင္ ဣသေရလလူ၊ ယဇ္ပုေရာဟိတ္၊ ေလဝိသား၊ ဘုရားကၽြန္၊ ေရွာလမုန္၏ကၽြန္ အမ်ိဳးသားအသီးအသီးတို႔သည္ မိမိတို႔ဆိုင္ရာအရပ္၌ ေနၾက၏။ ေယ႐ုရွလင္ၿမိဳ႕၌ေနေသာ ျပည္သူျပည္သား အႀကီးအကဲ၊ မင္းအရာရွိဟူမူကား၊
Burmese MCLZV
အျခားၿမိဳ႕ရြာမ်ားတြင္ဣသေရလအမ်ိဳး သားမ်ား၊ ယဇ္ပုေရာဟိတ္မ်ား၊ ေလဝိအႏြယ္ ဝင္မ်ား၊ ဗိမာန္ေတာ္အလုပ္သမားမ်ား၊ ေရွာ လမုန္၏အေစခံမ်ားမွဆင္းသက္လာ သူမ်ားသည္ကိုယ္ပိုင္အိမ္မ်ားတြင္ေနထိုင္ ၾကေလသည္။ ေယ႐ုရွလင္ၿမိဳ႕တြင္ေနထိုင္ေသာယုဒျပည္ နယ္အႀကီးအကဲမ်ားကိုေဖာ္ျပအံ့။
Burmese MSBU
ဤသို့ဖြင့် နယ်မြေခေါင်းဆောင်များသည် ဂျေရုဆလင်မြို့တွင်နေထိုင်ကြပြီး အစ္စရေးလူထုများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများသည် ယုဒပြည်ရှိ ကိုယ့်နေရင်းမြို့ရွာများတွင် နေထိုင်ကြ၏။
Burmese MSBZ
ဤသို႔ျဖင့္ နယ္ေျမေခါင္းေဆာင္မ်ားသည္ ေဂ်႐ုဆလင္ၿမိဳ႕တြင္ေနထိုင္ၾကၿပီး အစၥေရးလူထုမ်ား၊ ယဇ္ပုေရာဟိတ္မ်ား၊ ေလဝိအမ်ိဳးမ်ား၊ ဗိမာန္ေတာ္အေစအပါးမ်ားႏွင့္ ေရွာလမုန္အေစအပါးတို႔၏သားေျမးမ်ားသည္ ယုဒျပည္ရွိ ကိုယ့္ေနရင္းၿမိဳ႕႐ြာမ်ားတြင္ ေနထိုင္ၾက၏။