Nehemiah 12:37 — Compare Translations

7 translations compared side by side

Burmese (BCL) (Common Language Bible)
စမ်း​ရေ​တွင်း​တံ​ခါး​သို့​ရောက်​သော​အ​ခါ​သူ​တို့​သည် ဒါ​ဝိဒ်​မြို့​သို့​သွား​ရာ​လှေ​ကား​ထစ်​များ​ကို​တက်​၍ ဒါ​ဝိဒ်​နန်း​တော်​ကို​ဖြတ်​ကျော်​ကာ​မြို့​အ​ရှေ့​ဘက်၊ ရေ​တံ​ခါး​အ​နီး​ရှိ​မြို့​ရိုး​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​၏။
Burmese 1835 Version Judson
သူတို့တဘက်တချက်၌ ရှိသောစမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက်၍၊ ဒါဝိဒ်အိမ်တော်အထက် အရှေ့မျက်နှာ၌ ရေတံခါးတိုင်အောင် သွားကြ၏။
Burmese 1928
စမ်း တွင်း တံ ခါး အ နီး၊ မြို့ ရိုး မြင့် စ တွင်၊ စောင်း တန်း ဖြင့် ဒါ ဝိဒ် မြို့ တော် သို့ တည့် တည့် တက်၍၊ ၎င်း နန်း တော် အ ထက်၊ ဗိ မာန် တော် အ ရှေ့ မျက် နှာ၊ ရေ တံ ခါး တိုင် လျှောက် သွား ကြ သ တည်း။
Burmese 2021
သူ​တို့ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော စမ်း​ရေ​တွင်း တံ​ခါး​သို့​ရောက်​မှ မြို့​ရိုး​တက်​ရာ၊ ဒါ​ဝိဒ်​မြို့​လှေ​ကား​ဖြင့် တက်၍၊ ဒါ​ဝိဒ်​အိမ်​တော် အ​ထက် အ​ရှေ့​မျက်​နှာ၌ ရေ​တံ​ခါး​တိုင်​အောင် သွား​ကြ၏။
Burmese JBZV
သူ​တို႔ တစ္​ဖက္​တစ္​ခ်က္၌​ရွိ​ေသာ စမ္း​ေရ​တြင္း တံ​ခါး​သို႔​ေရာက္​မွ ၿမိဳ႕​ရိုး​တက္​ရာ၊ ဒါ​ဝိဒ္​ၿမိဳ႕​ေလွ​ကား​ျဖင့္ တက္၍၊ ဒါ​ဝိဒ္​အိမ္​ေတာ္ အ​ထက္ အ​ေရွ႕​မ်က္​ႏွာ၌ ေရ​တံ​ခါး​တိုင္​ေအာင္ သြား​ၾက၏။
Burmese MSBU
သူ​တို့​သည် စမ်းရေတွင်း​တံခါးဝ​သို့​ရောက်​သောအခါ ဒါဝိဒ်​မြို့​အတက်လမ်း​အတိုင်း မြို့ရိုး​ရှိ​ရာ​သို့​တက်သွား​ပြီး ဒါဝိဒ်​နန်းတော်​အထက်​ရေ​တံခါး​မှ အရှေ့ဘက်​သို့ သွား​ကြ​၏​။
Burmese MSBZ
သူ​တို႔​သည္ စမ္းေရတြင္း​တံခါးဝ​သို႔​ေရာက္​ေသာအခါ ဒါဝိဒ္​ၿမိဳ႕​အတက္လမ္း​အတိုင္း ၿမိဳ႕႐ိုး​ရွိ​ရာ​သို႔​တက္သြား​ၿပီး ဒါဝိဒ္​နန္းေတာ္​အထက္​ေရ​တံခါး​မွ အေရွ႕ဘက္​သို႔ သြား​ၾက​၏​။