Nehemiah 12:44 — Compare Translations
7 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုကာလ၌နှစ်စဉ်အသီးအနှံဦးများနှင့်အဦးမှည့်သည့်သစ်သီးများ၏ဆယ်ဖို့တစ်ဖို့နှင့်အခြားအလှူများထားရှိရာပစ္စည်းသိုလှောင်ခန်းများအတွက်တာဝန်ခံပစ္စည်းထိန်းတို့ကိုခန့်ထားကြ၏။ ဤသူတို့သည်ပညတ်ကျမ်းတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့အတွက်အလှူများကိုမြို့ရွာများအနီးရှိလယ်ယာအသီးသီးမှကောက်ခံရန်တာဝန်ယူကြရလေသည်။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် သန့်စင်မှုမင်္ဂလာနှင့်အခြားဘုရားသခင်မိန့်မှာတော်မူသည့်အခြားဘာသာရေးဝတ်များကိုလည်းပြုကြသည်ဖြစ်၍ ယုဒပြည်သူများသည်အားရဝမ်းမြောက်ကြ၏။ ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားများကလည်း ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်စီရင်တော်မူခဲ့သည့်အတိုင်း မိမိတို့တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြလေသည်။
Burmese 1835 Version Judson
ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့်၊ ယုဒအမျိုး သားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ်၍၊ ယဇ် ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သက္ကာ၊ အဦးသီးသောအသီး၊ ဆယ်ဘို့တဘို့ကို မြို့နယ်ကျေးလက် ထဲက သိမ်းယူ၍၊ သိုထားစရာဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ၏။
Burmese 1928
ထို အ ခါ၊ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ခ စား လျက် နေ ကြ သော ကြောင့်၊ ယု ဒ အ မျိုး သား တို့ သည် အား ရ ဝမ်း မြောက် ကြ သည့် အ လျောက်၊ မြှောက် ဆက် ရာ အ လှူ၊ လက် ဦး လက် ဖျား၊ ဆယ် ဖို့ တစ် ဖို့ အ လှူ တည်း ဟူ သော ဝ တ္ထု များ သို ထား ရာ အ ခန်း များ ကို ကြည့် ရှု ရန် လည်း ကောင်း၊ ပ ညတ် တ ရား အ ရ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ခံ စား အပ် သော ရိ က္ခာ ကို၊ မြို့ နယ် များ မှ ကောက် ခံ ရန် လည်း ကောင်း၊ ခန့် ထား ကြ ၏။
Burmese 2021
ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့်၊ ယုဒအမျိုးသားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ်၍၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သကာ၊ အဦးသီးသောအသီး၊ ဆယ်ဖို့တစ်ဖို့ကို မြို့နယ်ကျေးလက်ထဲက သိမ်းယူ၍၊ သိုထားစရာ ဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ၏။
Burmese JBZV
ထိုအခါ ယဇ္ပုေရာဟိတ္ႏွင့္ ေလဝိသားတို႔သည္ အမွုေတာ္ကို ေစာင့္လ်က္ေနေသာေၾကာင့္၊ ယုဒအမ်ိဳးသားတို႔သည္ အားရဝမ္းေျမာက္ၾကသည္ျဖစ္၍၊ ယဇ္ပုေရာဟိတ္ႏွင့္ ေလဝိသားခံအပ္ေသာ ပူေဇာ္သကာ၊ အဦးသီးေသာအသီး၊ ဆယ္ဖို႔တစ္ဖို႔ကို ၿမိဳ႕နယ္ေက်းလက္ထဲက သိမ္းယူ၍၊ သိုထားစရာ ဘ႑ာတိုက္မ်ားကို အုပ္ရေသာတိုက္စိုးတို႔ကို ခန္႔ထားၾက၏။
Burmese MSBU
ထိုနေ့တွင် အလှူပစ္စည်းများ၊ အသီးဦးများ၊ ဆယ်ဖို့တစ်ဖို့များထားရှိရာ သိုလှောင်တိုက်အခန်းများအုပ်ထိန်းမည့်သူတို့ကို ခန့်ထားကြ၏။ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအဖို့ ပညတ်တရားကျမ်းတွင်ပါသောဝေစုအတိုင်း မြို့ရွာများရှိလယ်ယာများမှ ကောက်ခံစုသိမ်းပေးရ၏။ အကြောင်းမူကား ယဇ်ပုရောဟိတ်များနှင့် လေဝိသားများ အမှုတော်ထမ်းနေသည်ကို ယုဒအမျိုးတို့ နှစ်သက်ဝမ်းမြောက်ကြ၏။
Burmese MSBZ
ထိုေန႔တြင္ အလႉပစၥည္းမ်ား၊ အသီးဦးမ်ား၊ ဆယ္ဖို႔တစ္ဖို႔မ်ားထားရွိရာ သိုေလွာင္တိုက္အခန္းမ်ားအုပ္ထိန္းမည့္သူတို႔ကို ခန႔္ထားၾက၏။ သူတို႔သည္ ယဇ္ပုေရာဟိတ္မ်ားႏွင့္ ေလဝိသားမ်ားအဖို႔ ပညတ္တရားက်မ္းတြင္ပါေသာေဝစုအတိုင္း ၿမိဳ႕႐ြာမ်ားရွိလယ္ယာမ်ားမွ ေကာက္ခံစုသိမ္းေပးရ၏။ အေၾကာင္းမူကား ယဇ္ပုေရာဟိတ္မ်ားႏွင့္ ေလဝိသားမ်ား အမႈေတာ္ထမ္းေနသည္ကို ယုဒအမ်ိဳးတို႔ ႏွစ္သက္ဝမ္းေျမာက္ၾက၏။