Nehemiah 13:9 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အ​ခန်း​များ​ကို​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပြု​စေ​၍​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ နှင့်​နံ့​သာ​ပေါင်း​တို့​ကို​ပြန်​သွင်း​ရန်​အ​မိန့် ပေး​၏။
Burmese 1835 Version Judson
အခန်းများကို စင်ကြယ်စေခြင်းငှါစီရင်၍၊ တဖန်ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာပေါင်းကို ဆောင်ခဲ့၍ သိုထား၏။
Burmese 1928
အ ခန်း များ စင် ကြယ် စေ ရန် စီ ရင်၍၊ ဘု ရား သ ခင့် ဗိ မာန့် တော် အ သုံး အ ဆောင် ဘော ဇဉ် သ က္ကာ၊ နံ့ သာ ပေါင်း များ ကို ဆောင် ယူ ပြန် သွင်း လေ ၏။
Burmese 2021
အ​ခန်း​များ​ကို စင်​ကြယ်​စေ​ခြင်း​ငှာ စီ​ရင်၍၊ တစ်​ဖန် ဘု​ရား​သ​ခင်၏ အိမ်​တော်​တန်​ဆာ​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နံ့​သာ​ပေါင်း​ကို ဆောင်​ခဲ့၍ သို​ထား၏။
Burmese JBZV
အ​ခန္း​မ်ား​ကို စင္​ၾကယ္​ေစ​ျခင္း​ငွာ စီ​ရင္၍၊ တစ္​ဖန္ ဘု​ရား​သ​ခင္၏ အိမ္​ေတာ္​တန္​ဆာ​မ်ား၊ ေဘာ​ဇဥ္​ပူ​ေဇာ္​သ​ကာ၊ နံ့​သာ​ေပါင္း​ကို ေဆာင္​ခဲ့၍ သို​ထား၏။
Burmese MCLZV
အ​ခန္း​မ်ား​ကို​ဘာ​သာ​ေရး​ထုံး​နည္း​အ​ရ သန႔္​စင္​မွု​ကို​ျပဳ​ေစ​၍​ဗိ​မာန္​ေတာ္​အ​သုံး အ​ေဆာင္​မ်ား၊ ေဘာ​ဇဥ္​ပူ​ေဇာ္​သ​ကာ​မ်ား ႏွင့္​နံ့​သာ​ေပါင္း​တို႔​ကို​ျပန္​သြင္း​ရန္​အ​မိန႔္ ေပး​၏။
Burmese MSBU
အခန်း​များ​ကို သန့်ရှင်း​စေ​ပြီးမှ ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​များ​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် နံ့သာပေါင်း တို့​ကို ပြန်ထား​စေ​၏​။
Burmese MSBZ
အခန္း​မ်ား​ကို သန႔္ရွင္း​ေစ​ၿပီးမွ ဘုရားသခင္​၏​အိမ္​ေတာ္​အသုံးအေဆာင္​မ်ား​၊ ေဘာဇဥ္ပူေဇာ္သကၠာ​ႏွင့္ နံ႔သာေပါင္း တို႔​ကို ျပန္ထား​ေစ​၏​။