Nehemiah 6:16 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဤ​သ​တင်း​ကို​ပတ်​ဝန်း​ကျင်​နိုင်​ငံ​များ​ရှိ​ငါ တို့​ရန်​သူ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့ အ​သ​ရေ​ပျက်​ရ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​အ​လုပ်​ပြီး​စီး သွား​သည်​မှာ ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​သော ကြောင့်​ဖြစ်​သည်​ကို​လူ​တိုင်း​ပင်​ရိပ်​မိ​သော ကြောင့်​ဖြစ်​၏။
Burmese 1835 Version Judson
ထိုသိတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့် အခွင့်နှင့်ပြီးကြောင်းကို ရိပ်မိကြ၏။
Burmese 1928
ထို သ တင်း ကို ပတ် ဝန်း ကျင် ရှိ ရန် သူ လူ မျိုး ခြား အ ပေါင်း တို့ ကြား လျှင်၊ ငါ တို့ ဘု ရား သ ခင်၏ တန် ခိုး တော် ဖြင့် အ မှု ပြီး ကြောင်း ကို ရိပ် မိ၍၊ မျက် နှာ ပျက် လျက် ကြောက် ရွံ့ ကြ ၏။
Burmese 2021
ထို​သ​တင်း​ကို ရန်​သူ​တို့​သည်​ကြား၍၊ ပတ်​လည်​ဝန်း​ကျင်၌ နေ​သော တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​သည် မြို့​ရိုး​ကို မြင်​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​အ​မှု​သည် ငါ​တို့၏ ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် ပြီး​ကြောင်း​ကို ရိပ်​မိ​ကြ၏။
Burmese JBZV
ထို​သ​တင္း​ကို ရန္​သူ​တို႔​သည္​ၾကား၍၊ ပတ္​လည္​ဝန္း​က်င္၌ ေန​ေသာ တစ္​ပါး​အ​မ်ိဳး​သား အ​ေပါင္း​တို႔​သည္ ၿမိဳ႕​ရိုး​ကို ျမင္​ေသာ​အ​ခါ၊ ရွက္​ေၾကာက္​ျခင္း​သို႔ ေရာက္​ၾက၏။ အ​ေၾကာင္း​မူ​ကား၊ ထို​အ​မွု​သည္ ငါ​တို႔၏ ဘု​ရား​သ​ခင့္​အ​ခြင့္​ႏွင့္ ၿပီး​ေၾကာင္း​ကို ရိပ္​မိ​ၾက၏။
Burmese MCLZV
ဤ​သ​တင္း​ကို​ပတ္​ဝန္း​က်င္​နိုင္​ငံ​မ်ား​ရွိ​ငါ တို႔​ရန္​သူ​မ်ား​ၾကား​ၾက​ေသာ​အ​ခါ မိ​မိ​တို႔ အ​သ​ေရ​ပ်က္​ရ​ၿပီ​ျဖစ္​ေၾကာင္း​သိ​ရွိ​ၾက​၏။ အ​ဘယ္​ေၾကာင့္​ဆို​ေသာ္​ဤ​အ​လုပ္​ၿပီး​စီး သြား​သည္​မွာ ဘု​ရား​သ​ခင္​ကူ​မ​ေတာ္​မူ​ေသာ ေၾကာင့္​ျဖစ္​သည္​ကို​လူ​တိုင္း​ပင္​ရိပ္​မိ​ေသာ ေၾကာင့္​ျဖစ္​၏။
Burmese MSBU
ထို​အကြောင်း​ကို ရန်သူ​တို့​ကြား​၍ ငါ​တို့​ဝန်းကျင်​ရှိ​လူမျိုးခြား​တို့ မြင်​သောအခါ အလွန်အမင်း​မျက်စိ​မျက်နှာပျက်​လေ​၏​။ အကြောင်းမှာ ဤ​အမှု​ကို ငါ​တို့​ဘုရားသခင် ပြု​တော်မူ​ကြောင်း သူ​တို့ ကောင်းကောင်း​သိမြင်​ကြ​၏​။
Burmese MSBZ
ထို​အေၾကာင္း​ကို ရန္သူ​တို႔​ၾကား​၍ ငါ​တို႔​ဝန္းက်င္​ရွိ​လူမ်ိဳးျခား​တို႔ ျမင္​ေသာအခါ အလြန္အမင္း​မ်က္စိ​မ်က္ႏွာပ်က္​ေလ​၏​။ အေၾကာင္းမွာ ဤ​အမႈ​ကို ငါ​တို႔​ဘုရားသခင္ ျပဳ​ေတာ္မူ​ေၾကာင္း သူ​တို႔ ေကာင္းေကာင္း​သိျမင္​ၾက​၏​။