Nehemiah 8:14 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့သည်မောရှေအားဖြင့်ထာဝရဘုရား ပေးအပ်ထားတော်မူသော ပညတ်ကျမ်းတွင် သစ်ခက်တဲနေပွဲတော်အခါ၌ ဣသရေလ အမျိုးသားများသည်ယာယီတဲများတွင် နေထိုင်ကြရမည်ဖြစ်ကြောင်းပြဋ္ဌာန်း ထားသည်ကိုတွေ့ရှိကြရ၏။-
Burmese 1835 Version Judson
သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေအမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။
Burmese 1928
ပ ဌ မ လ ပူ ဇော် ပွဲ တွင်၊ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ တဲ၌ တည်း ခို ကြ ရ မည့် အ ကြောင်း နှင့်၊ တောင် ပေါ် သို့ တက်၍၊ သံ လွင် အ ယဉ် အ ရိုင်း၊ ကျောက် ပန်း၊ စွန် ပ လွံ မှ စ သော အ ရွက် ဖြာ သည့် အ ခက် အ လက် များ ကို၊ ကျမ်း ဆို ချက် အ တိုင်း ယူ ဆောင် တဲ ထိုး ကြ လော့ ဟု၊ ယေ ရု ရှ လင် မြို့ နှင့် တ ကွ မြို့ ရွာ တိုင်း ကြော် ငြာ ကြ ရ မည့် အ ကြောင်း၊ မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် ကို ပ ည တ္တိ ကျမ်း၌ တွေ့ ကြ သည် နှင့် အ ညီ၊ မြို့ သား တို့ ထွက် သွား ဆောင် ယူ လျက်၊
Burmese 2021
သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေအားဖြင့် ထာဝရဘုရား ထားတော်မူသော ပညတ္တိကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။
Burmese JBZV
သတၱမလပြဲကိုခံၾကစဥ္၊ ဣသေရလ အမ်ိဳးသားအေပါင္းတို႔သည္ သစ္ခက္တဲ၌ ေနရၾကမည္ဟု ေမာေရွအားျဖင့္ ထာဝရဘုရား ထားေတာ္မူေသာ ပညတၱိက်မ္းစာ၌ ေရးထားေၾကာင္းကို ေတြ႕ၾက၏။
Burmese MCLZV
သူတို႔သည္ေမာေရွအားျဖင့္ထာဝရဘုရား ေပးအပ္ထားေတာ္မူေသာ ပညတ္က်မ္းတြင္ သစ္ခက္တဲေနပြဲေတာ္အခါ၌ ဣသေရလ အမ်ိဳးသားမ်ားသည္ယာယီတဲမ်ားတြင္ ေနထိုင္ၾကရမည္ျဖစ္ေၾကာင္းျပ႒ာန္း ထားသည္ကိုေတြ႕ရွိၾကရ၏။-
Burmese MSBU
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော ပညတ်တရားကျမ်း၌ သတ္တမလပွဲခံချိန်တွင် အစ္စရေးအမျိုးသားတို့သည် ယာယီတဲ၌နေရကြမည်ဟု ရေးသားထားသည်ကို တွေ့ရှိကြလေ၏။
Burmese MSBZ
ေမာေရွအားျဖင့္ ထာဝရဘုရားမိန႔္မွာေတာ္မူေသာ ပညတ္တရားက်မ္း၌ သတၱမလပြဲခံခ်ိန္တြင္ အစၥေရးအမ်ိဳးသားတို႔သည္ ယာယီတဲ၌ေနရၾကမည္ဟု ေရးသားထားသည္ကို ေတြ႕ရွိၾကေလ၏။