Nehemiah 9:28 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငြိမ်းချမ်းမှုပြန်လည်ရရှိကြသောအခါ သူတို့သည်တစ်ဖန်အပြစ်ကူးလွန်ကြပြန်သဖြင့် ကိုယ်တော်သည်သူတို့အားရန်သူများ၏လက်သို့ တစ်ဖန်အပ်တော်မူပါ၏။ သို့ရာတွင်သူတို့သည်နောင်တရလျက် မိမိတို့အားကယ်တော်မူရန်အထံတော်သို့ တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည်ကောင်းကင်ဘုံမှကြားတော်မူပါ၏။ ကရုဏာတော်ကြီးမားတော်မူသည့်အလျောက် သူတို့အားအကြိမ်ကြိမ်အဖန်ဖန် ကယ်ဆယ်တော်မူပါ၏။
Burmese 1835 Version Judson
တဖန်ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက် ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံ ကနားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။
Burmese 1928
တစ် ဖန် ငြိမ်း ချမ်း ခွင့် ရ၍၊ မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ကြ သည့် ကာ လ၊ ကိုယ် တော် သည် နှိပ် နင်း သော ရန် သူ တို့ လက် တွင်း သို့ အပ် ပြန် သည် နှင့်၊ ကိုယ် တော့် ထံ ပြန် လှည့် အော် ဟစ် ကြ ပြန် ရာ၊ ကောင်း ကင် ဘုံ မှ နား ညောင်း တော် မူ လျက်၊ များ လှ သော က ရု ဏာ တော် အ လျောက်၊ အ ဖန် ဖန် ကယ် ဆယ် တော် မူ ပြီး လျှင်၊
Burmese 2021
တစ်ဖန် ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တစ်ဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံက နားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင်တော်မူ၏။
Burmese JBZV
တစ္ဖန္ ခ်မ္းသာရေသာအခါ၊ ေရွ႕ေတာ္၌ ဒုစရိုက္ကို ျပဳျပန္ၾကေသာေၾကာင့္၊ ရန္သူအစိုးရမည္အေၾကာင္း တစ္ဖန္အပ္ေတာ္မူ၏။ သူတို႔သည္ျပန္လာ၍ ကိုယ္ေတာ္ကို ေအာ္ဟစ္ၾကေသာအခါ၊ ေကာင္းကင္ဘုံက နားေထာင္၍၊ က႐ုဏာေတာ္ရွိသည္အတိုင္း အထပ္ထပ္ ကယ္တင္ေတာ္မူ၏။
Burmese MCLZV
ၿငိမ္းခ်မ္းမွုျပန္လည္ရရွိၾကေသာအခါ သူတို႔သည္တစ္ဖန္အျပစ္ကူးလြန္ၾကျပန္သျဖင့္ ကိုယ္ေတာ္သည္သူတို႔အားရန္သူမ်ား၏လက္သို႔ တစ္ဖန္အပ္ေတာ္မူပါ၏။ သို႔ရာတြင္သူတို႔သည္ေနာင္တရလ်က္ မိမိတို႔အားကယ္ေတာ္မူရန္အထံေတာ္သို႔ ေတာင္းေလၽွာက္ၾကေသာအခါ ကိုယ္ေတာ္သည္ေကာင္းကင္ဘုံမွၾကားေတာ္မူပါ၏။ က႐ုဏာေတာ္ႀကီးမားေတာ္မူသည့္အေလ်ာက္ သူတို႔အားအႀကိမ္ႀကိမ္အဖန္ဖန္ ကယ္ဆယ္ေတာ္မူပါ၏။
Burmese MSBU
သူတို့သည် အေးအေးချမ်းချမ်းနေရသောအခါ ကိုယ်တော်ရှေ့တော်တွင် မကောင်းမှုကိုပြုကြပြန်သဖြင့် သူတို့ကို အုပ်ချုပ်မည့်ရန်သူတို့လက်သို့ အပ်လိုက်တော်မူ၏။ သူတို့သည် ပြန်လာ၍ ကိုယ်တော့်ထံ အော်ဟစ်သောအခါ ကိုယ်တော်သည် ကောင်းကင်မှ နားညောင်းတော်မူ၏။ ကိုယ်တော်၏ ကရုဏာတော်နှင့်အညီ သူတို့ကိုအကြိမ်ကြိမ်ကယ်နုတ်တော်မူခဲ့၏။
Burmese MSBZ
သူတို႔သည္ ေအးေအးခ်မ္းခ်မ္းေနရေသာအခါ ကိုယ္ေတာ္ေရွ႕ေတာ္တြင္ မေကာင္းမႈကိုျပဳၾကျပန္သျဖင့္ သူတို႔ကို အုပ္ခ်ဳပ္မည့္ရန္သူတို႔လက္သို႔ အပ္လိုက္ေတာ္မူ၏။ သူတို႔သည္ ျပန္လာ၍ ကိုယ္ေတာ္ထံ ေအာ္ဟစ္ေသာအခါ ကိုယ္ေတာ္သည္ ေကာင္းကင္မွ နားေညာင္းေတာ္မူ၏။ ကိုယ္ေတာ္၏ က႐ုဏာေတာ္ႏွင့္အညီ သူတို႔ကိုအႀကိမ္ႀကိမ္ကယ္ႏုတ္ေတာ္မူခဲ့၏။
Recommended Reading