Nehemiah 9:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက် ဣသရေလအမျိုးသားတို့ကဤပတ္ထနာကို ဆုတောင်းကြ၏။ ``အို ထာဝရဘုရားကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်မိုးကောင်းကင်နှင့်ကောင်းကင် ကြယ်နက္ခတ်များကိုဖန်ဆင်းတော်မူပါ၏။ မြေကြီးနှင့်ပင်လယ်ကိုလည်းကောင်း မြေကြီးပေါ်နှင့်ပင်လယ်တွင်ရှိသောအရာများ ကိုလည်းကောင်းဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အရာခပ်သိမ်းကို အသက်ရှင်စေတော်မူပါ၏။ မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် ကိုယ်တော်အားဦးညွှတ်ရှိခိုးကြပါ၏။
Burmese 1835 Version Judson
ကိုယ်တော်သာလျှင် ထာဝရဘုရား ဖြစ်တော် မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင် ဗိုလ်ခြေအပေါင်းတို့ကို၎င်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို၎င်း၊ ပင်လယ်နှင့်ပင်လယ်၌ပါသမျှတို့ကို ၎င်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော် မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။
Burmese 1928
ကိုယ် တော် သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ် တော် မူ လျက်၊ ကောင်း ကင် ဘ ဝဂ် နှင့် တ ကွ၊ မိုး၊ မြေ၊ ရေ မှ စ သော ရှိ ရှိ သ မျှ ကို ဖန် ဆင်း စောင့် ရှောက် တော် မူ ပါ၏။ ကောင်း ကင် ဗိုလ် ခြေ တို့ လည်း၊ ကိုယ် တော် ကို ရှိ ခိုး ကြ ပါ ၏။
Burmese 2021
ကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင်ဗိုလ်ခြေ အပေါင်းတို့ကိုလည်းကောင်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်၌ပါသမျှတို့ကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။
Burmese JBZV
ကိုယ္ေတာ္သာလၽွင္ ထာဝရဘုရားျဖစ္ေတာ္မူ၏။ အျမင့္ဆုံးေသာ ေကာင္းကင္ႏွင့္ ေကာင္းကင္ဗိုလ္ေၿခ အေပါင္းတို႔ကိုလည္းေကာင္း၊ ေျမႀကီးႏွင့္ေျမႀကီးေပၚမွာ ရွိရွိသမၽွတို႔ကိုလည္းေကာင္း၊ ပင္လယ္ႏွင့္ ပင္လယ္၌ပါသမၽွတို႔ကိုလည္းေကာင္း ဖန္ဆင္းေတာ္မူ၏။ အလုံးစုံတို႔ကို ေစာင့္မေတာ္မူ၏။ ေကာင္းကင္ဗိုလ္ေျခတို႔သည္ ကိုယ္ေတာ္ကို ကိုးကြယ္ၾကပါ၏။
Burmese MCLZV
ထိုေနာက္ ဣသေရလအမ်ိဳးသားတို႔ကဤပတၳနာကို ဆုေတာင္းၾက၏။ ``အို ထာဝရဘုရားကိုယ္ေတာ္သာလၽွင္ ထာဝရဘုရားျဖစ္ေတာ္မူပါ၏။ ကိုယ္ေတာ္သည္မိုးေကာင္းကင္ႏွင့္ေကာင္းကင္ ၾကယ္နကၡတ္မ်ားကိုဖန္ဆင္းေတာ္မူပါ၏။ ေျမႀကီးႏွင့္ပင္လယ္ကိုလည္းေကာင္း ေျမႀကီးေပၚႏွင့္ပင္လယ္တြင္ရွိေသာအရာမ်ား ကိုလည္းေကာင္းဖန္ဆင္းေတာ္မူပါ၏။ ကိုယ္ေတာ္သည္အရာခပ္သိမ္းကို အသက္ရွင္ေစေတာ္မူပါ၏။ မိုးေကာင္းကင္ၾကယ္နကၡတ္တို႔သည္ ကိုယ္ေတာ္အားဦးညႊတ္ရွိခိုးၾကပါ၏။
Burmese MSBU
ကိုယ်တော်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် မိုးကောင်းကင်၊ အမြင့်ဆုံးသောကောင်းကင်နှင့်ကောင်းကင်တန်ဆာအားလုံး၊ မြေကြီးနှင့်မြေကြီးတန်ဆာအားလုံး၊ ပင်လယ်နှင့်ပင်လယ်တန်ဆာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာအားလုံးကိုလည်း အသက်ရှင်စေတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြပါ၏။
Burmese MSBZ
ကိုယ္ေတာ္တစ္ပါးတည္းသာလွ်င္ ထာဝရဘုရားျဖစ္ေတာ္မူ၏။ ကိုယ္ေတာ္သည္ မိုးေကာင္းကင္၊ အျမင့္ဆုံးေသာေကာင္းကင္ႏွင့္ေကာင္းကင္တန္ဆာအားလုံး၊ ေျမႀကီးႏွင့္ေျမႀကီးတန္ဆာအားလုံး၊ ပင္လယ္ႏွင့္ပင္လယ္တန္ဆာအားလုံးကို ဖန္ဆင္းေတာ္မူ၍ ထိုအရာအားလုံးကိုလည္း အသက္ရွင္ေစေတာ္မူ၏။ ေကာင္းကင္ဗိုလ္ေျခတို႔သည္ ကိုယ္ေတာ္ကိုရွိခိုးကိုးကြယ္ၾကပါ၏။