Numbers 14:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
လူအပေါင်းတို့သည်ထိုစကားကိုကြား လျှင် သူတို့နှစ်ဦးကိုကျောက်ခဲဖြင့်ပစ်သတ် ရန်ကြိုးစားအားထုတ်ကြလေသည်။ သို့ရာ တွင်ထိုခဏချင်း၌ထာဝရဘုရား၏ ဘုန်းရောင်ခြည်တော်သည် တဲတော်ပေါ်တွင် ထွန်းတောက်နေသည်ကိုသူတို့မြင်ကြ၏။
Burmese 1835 Version Judson
ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့် ပစ်စေခြင်းငှါ စီရင်ကြ၏။ ထိုအခါထာဝရ ဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်း တို့ ရှေ့မှာ ပရိသတ်စည်းဝေးရာ တဲတော်၌ ထင်ရှားလေ ၏။
Burmese 1928
ခဲ ပစ် သတ် ဒဏ် ခံ ကြ စေ ဟု ပ ရိ သတ် ဥဿုံ ဆို ကြ၏။ ထို အ ခါ ထာ ဝ ရ ဘု ရား၏ ဘုန်း တော် သည် ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ရှေ့၊ တွေ့ ဆုံ ရာ တဲ တော်၌ ထင် ရှား သည့် ကာ လ၊
Burmese 2021
ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှာ စီရင်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ပရိသတ်စည်းဝေးရာတဲတော်၌ ထင်ရှားလေ၏။
Burmese JBZV
ပရိသတ္အေပါင္းတို႔သည္ ထိုသူႏွစ္ေယာက္ကို ေက်ာက္ခဲႏွင့္ပစ္ေစျခင္းငွာ စီရင္ၾက၏။ ထိုအခါ ထာဝရဘုရား၏ဘုန္းေတာ္သည္ ဣသေရလအမ်ိဳးသားအေပါင္းတို႔ေရွ႕မွာ ပရိသတ္စည္းေဝးရာတဲေတာ္၌ ထင္ရွားေလ၏။
Burmese MCLZV
လူအေပါင္းတို႔သည္ထိုစကားကိုၾကား လၽွင္ သူတို႔ႏွစ္ဦးကိုေက်ာက္ခဲျဖင့္ပစ္သတ္ ရန္ႀကိဳးစားအားထုတ္ၾကေလသည္။ သို႔ရာ တြင္ထိုခဏခ်င္း၌ထာဝရဘုရား၏ ဘုန္းေရာင္ျခည္ေတာ္သည္ တဲေတာ္ေပၚတြင္ ထြန္းေတာက္ေနသည္ကိုသူတို႔ျမင္ၾက၏။
Burmese MSBU
သို့သော် လူထုအပေါင်းတို့သည် သူတို့ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ အစ္စရေးအမျိုးသားအပေါင်းတို့ရှေ့တွင် ထင်ရှားလေ၏။
Burmese MSBZ
သို႔ေသာ္ လူထုအေပါင္းတို႔သည္ သူတို႔ကို ခဲႏွင့္ေပါက္သတ္ရန္ ေျပာဆိုၾက၏။ ထိုအခါ ထာဝရဘုရား၏ဘုန္းအသေရေတာ္သည္ ေတြ႕ဆုံစည္းေဝးရာတဲေတာ္၌ အစၥေရးအမ်ိဳးသားအေပါင္းတို႔ေရွ႕တြင္ ထင္ရွားေလ၏။