Numbers 21:23 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သို့​ရာ​တွင်​ရှိ​ဟုန်​ဘု​ရင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား မိ​မိ​၏​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပေး​ချေ။ သူ​သည်​တော​ကန္တာ​ရ​ရှိ ယာ​ဟတ်​မြို့​သို့​စစ်​ချီ​လာ​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။-
Burmese 1835 Version Judson
ထိုပြည်အလယ်၌ ရှောက်သွားရသော အခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသား တို့ကို ဆီးတားခြင်းငှါ၊ သူတို့ရှိရာတောသို့ ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။
Burmese 1928
ရှိ ဟုန် မင်း သည် ဣ သ ရေ လ လူ မျိုး တို့ အား ပြည် နယ် ဖြတ် သွား ခွင့် မ ပေး ဘဲ အ လုံး အ ရင်း ရှိ သ မျှ စု ရုံး ပြီး လျှင် ဣ သ ရေ လ လူ မျိုး တို့ ကို ဆီး ဆို့ ရန် သဲ တော သို့ ချီ ထွက် သည် နှင့် ယာ ဟတ် မြို့ သို့ ရောက်၍ စစ် တိုက် သော်၊
Burmese 2021
ထို​ပြည်​အ​လယ်၌ လျှောက်​သွား​ရ​သော​အ​ခွင့်​ကို၊ ရှိ​ဟုန်​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မ​ပေး။ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆီး​တား​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​တော​သို့​ထွက်၍ ယာ​ဟတ်​မြို့​သို့ ရောက်​ပြီး​လျှင် စစ်​တိုက်​လေ၏။
Burmese JBZV
ထို​ျပည္​အ​လယ္၌ ေလၽွာက္​သြား​ရ​ေသာ​အ​ခြင့္​ကို၊ ရွိ​ဟုန္​မင္း​သည္ ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​အား မ​ေပး။ မိ​မိ​လူ​အ​ေပါင္း​တို႔​ကို စု​ေဝး​ေစ၍၊ ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​ကို ဆီး​တား​ျခင္း​ငွာ၊ သူ​တို႔​ရွိ​ရာ​ေတာ​သို႔​ထြက္၍ ယာ​ဟတ္​ၿမိဳ႕​သို႔ ေရာက္​ၿပီး​လၽွင္ စစ္​တိုက္​ေလ၏။
Burmese MCLZV
သို႔​ရာ​တြင္​ရွိ​ဟုန္​ဘု​ရင္​သည္​ဣ​သ​ေရ​လ အ​မ်ိဳး​သား​တို႔​အား မိ​မိ​၏​ျပည္​ကို​ျဖတ္ သန္း​ခြင့္​မ​ေပး​ေခ်။ သူ​သည္​ေတာ​ကႏၲာ​ရ​ရွိ ယာ​ဟတ္​ၿမိဳ႕​သို႔​စစ္​ခ်ီ​လာ​ၿပီး​လၽွင္ ဣ​သ​ေရ​လ အ​မ်ိဳး​သား​တို႔​ကို​တိုက္​ခိုက္​ေလ​သည္။-
Burmese MSBU
သို့သော် ရှိဟုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို မိမိ​၏​နယ်မြေ​ထဲမှ ဖြတ်သွား​ခွင့်​မ​ပြု​သည့်​အပြင် ရှိဟုန်​မင်းကြီး​သည် မိမိ​လူ​အားလုံး​ကို စုဝေး​စေ​ပြီး အစ္စရေး​လူမျိုး​တို့​ကို ဆီးတား​ရန် တောကန္တာရ​သို့ ထွက်သွား​၏​။ ယာဟတ်​အရပ်​သို့​ရောက်​သောအခါ အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​လေ​၏​။
Burmese MSBZ
သို႔ေသာ္ ရွိဟုန္​မင္းႀကီး​သည္ အစၥေရး​လူမ်ိဳး​တို႔​ကို မိမိ​၏​နယ္ေျမ​ထဲမွ ျဖတ္သြား​ခြင့္​မ​ျပဳ​သည့္​အျပင္ ရွိဟုန္​မင္းႀကီး​သည္ မိမိ​လူ​အားလုံး​ကို စုေဝး​ေစ​ၿပီး အစၥေရး​လူမ်ိဳး​တို႔​ကို ဆီးတား​ရန္ ေတာကႏၲာရ​သို႔ ထြက္သြား​၏​။ ယာဟတ္​အရပ္​သို႔​ေရာက္​ေသာအခါ အစၥေရး​လူမ်ိဳး​တို႔​ကို တိုက္ခိုက္​ေလ​၏​။