Numbers 33:52 — Compare Translations
7 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုပြည်တွင်နေထိုင်သူအပေါင်းတို့ကိုနှင် ထုတ်ရမည်။ သူတို့၏ကျောက်ရုပ်ဘုရား၊ သတ္တု ရုပ်ဘုရားများနှင့်သူတို့ဝတ်ပြုကိုးကွယ် ရာဌာနရှိသမျှတို့ကိုဖျက်ဆီးပစ်ရ မည်။-
Burmese 1835 Version Judson
ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရ ကြမည်။ သူတို့ရေးသော အရုပ်၊ သွန်းသော ရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှ တို့ကို ဖြိုချရကြမည်။
Burmese 1928
သင် တို့ ရှေ့ က တိုင်း ရင်း သား အ ပေါင်း တို့ ကို နှင် ထုတ် လျက် ချင်း တို့ ရုပ် လုံး ပေါ် ကျောက် များ နှင့် ဆင်း တု ရှိ သ မျှ ကို ဖျက် ဆီး ခြင်း၊ မြင့် ရာ ဌာ န ရှိ သ မျှ ကို ဖြို ဖျက် ခြင်း ပြု ပြီး လျှင်၊
Burmese 2021
ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရကြမည်။ သူတို့ရေးသောအရုပ်၊ သွန်းသောရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှတို့ကို ဖြိုချရကြမည်။
Burmese JBZV
ထိုျပည္သူျပည္သားအေပါင္းတို႔ကို ႏွင္ထုတ္ရၾကမည္။ သူတို႔ေရးေသာအ႐ုပ္၊ သြန္းေသာ႐ုပ္တုဆင္းတု ရွိသမၽွတို႔ကို ဖ်က္ရၾကမည္။ သူတို႔လုပ္ေသာ ကုန္းရွိသမၽွတို႔ကို ၿဖိဳခ်ရၾကမည္။
Burmese MSBU
ထိုပြည်၌နေထိုင်သောသူရှိသမျှတို့ကို သင်တို့ရှေ့မှ နှင်ထုတ်၍ သူတို့၏ကျောက်ဆစ်ရုပ်တုရှိသမျှတို့ကို ဖျက်ဆီးရမည်။ သူတို့သွန်းလုပ်သောရုပ်တုရှိသမျှတို့ကိုလည်း ဖျက်ဆီး၍ သူတို့အထွတ်အမြတ်ထားရာနေရာရှိသမျှတို့ကို ဖြိုဖျက်ရမည်။
Burmese MSBZ
ထိုျပည္၌ေနထိုင္ေသာသူရွိသမွ်တို႔ကို သင္တို႔ေရွ႕မွ ႏွင္ထုတ္၍ သူတို႔၏ေက်ာက္ဆစ္႐ုပ္တုရွိသမွ်တို႔ကို ဖ်က္ဆီးရမည္။ သူတို႔သြန္းလုပ္ေသာ႐ုပ္တုရွိသမွ်တို႔ကိုလည္း ဖ်က္ဆီး၍ သူတို႔အထြတ္အျမတ္ထားရာေနရာရွိသမွ်တို႔ကို ၿဖိဳဖ်က္ရမည္။