Numbers 36:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤပညတ်များသည်ကားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင်ပြင်၌ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားပေးတော် မူသောပညတ်များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောတောလည်ရာ ကျမ်းပြီး၏။
Burmese 1835 Version Judson
ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေအား ဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။
Burmese 1928
ယေ ရိ ခေါ မြို့ တစ် ဘက်၊ ယော် ဒန် မြစ် အ နီး၊ မော ဘ လွင် ပြင်၌ ဣ သ ရေ လ အ မျိုး သား တို့ အား မော ရှေ ဖြင့် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော စီ ရင် ဆုံး ဖြတ် ချက် များ ကား ထို သို့ တည်း။
Burmese 2021
ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တစ်ဖက်၌ ထာဝရဘုရားသည် မောရှေအားဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသော တောလည်ရာကျမ်းပြီး၏။
Burmese JBZV
ဤေရြ႕ကား၊ ေမာဘလြင္ျပင္၊ ေယာ္ဒန္ျမစ္နား ေယရိေခါၿမိဳ႕တစ္ဖက္၌ ထာဝရဘုရားသည္ ေမာေရွအားျဖင့္ ဣသေရလအမ်ိဳးသားတို႔အား ထားေတာ္မူေသာ စီရင္ထုံးဖြဲ႕ခ်က္ျဖစ္သတည္း။ ရွင္ေမာေရွစီရင္ေရးထားေသာ ေတာလည္ရာက်မ္းၿပီး၏။
Burmese MCLZV
ဤပညတ္မ်ားသည္ကားေယရိေခါၿမိဳ႕ တစ္ဖက္ေယာ္ဒန္ျမစ္နားရွိေမာဘလြင္ျပင္၌ ထာဝရဘုရားသည္ေမာေရွမွတစ္ဆင့္ ဣသေရလအမ်ိဳးသားတို႔အားေပးေတာ္ မူေသာပညတ္မ်ားျဖစ္သတည္း။ ရွင္ေမာေရွစီရင္ေရးထားေသာေတာလည္ရာ က်မ္းၿပီး၏။
Burmese MSBU
ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေမှတစ်ဆင့် အစ္စရေးအမျိုးသားတို့အား ထာဝရဘုရားမိန့်မှာသည့် ပညတ်ချက်နှင့်စီရင်ထုံးဖွဲ့ချက်များဖြစ်၏။
Burmese MSBZ
ဤသည္ကား ေဂ်ရိေခါၿမိဳ႕တစ္ဖက္၊ ေဂ်ာ္ဒန္ျမစ္အနီး၊ ေမာဘလြင္ျပင္၌ ေမာေရွမွတစ္ဆင့္ အစၥေရးအမ်ိဳးသားတို႔အား ထာဝရဘုရားမိန႔္မွာသည့္ ပညတ္ခ်က္ႏွင့္စီရင္ထုံးဖြဲ႕ခ်က္မ်ားျဖစ္၏။