Numbers 5:8 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အကယ်၍လျော်ကြေးလက်ခံမည့်သူသည် သေဆုံး၍ဆွေမျိုးသားချင်းမကျန်ရစ်လျှင် လျော်ကြေးကိုယဇ်ပုရောဟိတ်အတွက်ထာဝရ ဘုရားထံဆက်သရမည်။ အပြစ်ကူးလွန်သူ သည်လျော်ကြေးအပြင် သန့်စင်ခြင်းဝတ် အတွက်သိုးထီးကိုလည်းပေးဆောင်ရ မည်။-
Burmese 1835 Version Judson
ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဘို့ ထာဝရ ဘုရားအားပူဇော်ရမည်။ ထိုမှတပါး အပြစ်ဖြေစေခြင်းငှါ အပြစ်ဖြေရာယဇ်ဘို့ သိုးတကောင်ကို ပူဇော်ရမည်။
Burmese 1928
ဥ စ္စာ ကို ခံ ထိုက် သူ အ မွေ ဆိုင် ပြတ် လျှင် ချင့် အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု အပ် သော သိုး ထီး မှ တစ် ပါး ထို အ ဓ မ္မ ဥ စ္စာ လည်း ထာ ဝ ရ ဘု ရား ပိုင် ရာ တော်၊ ပ ရော ဟိတ် ပိုင် ရာ ဖြစ် သ တည်း။
Burmese 2021
ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဖို့ ထာဝရဘုရားအားပူဇော်ရမည်။ ထိုမှတစ်ပါး အပြစ်ဖြေစေခြင်းငှာ အပြစ်ဖြေရာယဇ်ဖို့ သိုးတစ်ကောင်ကိုပူဇော်ရမည်။
Burmese JBZV
ထိုအျပစ္အတြက္ ေပးေသာဥစၥာကိုခံထိုက္ေသာ အမ်ိဳးသားခ်င္းမရွိလၽွင္၊ ယဇ္ပုေရာဟိတ္အဖို႔ ထာဝရဘုရားအားပူေဇာ္ရမည္။ ထိုမွတစ္ပါး အျပစ္ေျဖေစျခင္းငွာ အျပစ္ေျဖရာယဇ္ဖို႔ သိုးတစ္ေကာင္ကိုပူေဇာ္ရမည္။
Burmese MCLZV
အကယ္၍ေလ်ာ္ေၾကးလက္ခံမည့္သူသည္ ေသဆုံး၍ေဆြမ်ိဳးသားခ်င္းမက်န္ရစ္လၽွင္ ေလ်ာ္ေၾကးကိုယဇ္ပုေရာဟိတ္အတြက္ထာဝရ ဘုရားထံဆက္သရမည္။ အျပစ္ကူးလြန္သူ သည္ေလ်ာ္ေၾကးအျပင္ သန႔္စင္ျခင္းဝတ္ အတြက္သိုးထီးကိုလည္းေပးေဆာင္ရ မည္။-
Burmese MSBU
မိမိပြစ်မှားသောအမှုအတွက် လျော်ကြေးလက်ခံယူမည့်သူမရှိလျှင် ပြစ်မှားသောအမှုအတွက် လျော်ကြေးနှင့်တကွ မိမိအတွက် အပြစ်ဖြေပေးသောအပြစ်ဖြေရာယဇ်သိုးထီးကို ထာဝရဘုရားထံပူဇော်ရမည်။ ထိုယဇ်သည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။
Burmese MSBZ
မိမိျပစ္မွားေသာအမႈအတြက္ ေလ်ာ္ေၾကးလက္ခံယူမည့္သူမရွိလွ်င္ ျပစ္မွားေသာအမႈအတြက္ ေလ်ာ္ေၾကးႏွင့္တကြ မိမိအတြက္ အျပစ္ေျဖေပးေသာအျပစ္ေျဖရာယဇ္သိုးထီးကို ထာဝရဘုရားထံပူေဇာ္ရမည္။ ထိုယဇ္သည္ ယဇ္ပုေရာဟိတ္အတြက္ျဖစ္ရမည္။