Numbers 9:14 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ​သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား​လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​ရ​မည်။
Burmese 1835 Version Judson
သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား၊ ဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ၏။
Burmese 1928
သင် တို့ တွင် ဝင် နေ သူ သည် ထာ ဝ ရ ဘု ရား ရှေ့ ပ သ ခါ ပွဲ ကို ကျင်း ပ လို လျှင် ပ သ ခါ ပွဲ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် အ တိုင်း ကျင်း ပ စေ။ ဝင် နေ သူ၌ လည်း ကောင်း၊ တိုင်း ရင်း သား၌ လည်း ကောင်း ထုံး ဖွဲ့ ချက် တစ် ပါး တည်း သာ ရှိ ရာ သည် ဟု မိန့် တော် မူ ၏။
Burmese 2021
သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ စီ​ရင်​ထုံး​ဖွဲ့၍ ခံ​ရ​သော​ထုံး​စံ​အ​တိုင်း ပွဲ​ခံ​ရ​မည်။ သင်​တို့​တွင် တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ၊ အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ​တို့​သည် ထုံး​စံ​တစ်​ပါး​တည်း​သာ ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​သည် ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​လို​လျှင် ပသခါပွဲတော်​ဆိုင်ရာ​ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​များ​နှင့်အညီ ကျင်းပ​ရ​မည်​။ တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ​၊ အမျိုးသားချင်း ​အတွက်​ဖြစ်စေ ပြဋ္ဌာန်းချက်​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
Burmese MSBZ

Recommended Reading