Philippians 4:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အချင်းဖိလိပ္ပိအသင်းတော်သားတို့၊ ငါသည် မာကေဒေါနိပြည်မှထွက်ခွာ၍ သတင်းကောင်း ကိုစတင်ကြေညာသောအခါ၌ သင်တို့ အသင်းတော်တစ်ပါးတည်းကသာလျှင်ငါ့ အားကူညီခဲ့ကြောင်း၊ အမှုတော်ဆောင်လုပ် ငန်းတွင်သင်တို့ကသာလျှင် ငါနှင့်အတူ ဖက်စပ်အဖြစ်နှင့်အရှုံးအမြတ်ရှိလျက် လုပ်ဆောင်ခဲ့ကြကြောင်းကို သင်တို့ကိုယ် တိုင်ကောင်းစွာသိကြ၏။-
Burmese 1835 Version Judson
အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတပါး အဘယ်အသင်းတော်မျှငါနှင့်မဆက်ဆံကြ။
Burmese 1928
အ ချင်း ဖိ လိ ပ္ပိ အ သင်း တော် သား တို့ သ တင်း တော် မြတ် ကို ကြား ပြော စ ပြု စဉ် မာ ကေ ဒေါ နိ ပြည် မှ ငါ ထွက် သွား သည့် ကာ လ သက် သာ လော နိတ် မြို့၌ ရှိ ခိုက် ငါ လို ရာ ကို တ ကြိမ် နှစ် ကြိမ် သင် တို့ ထောက် ပံ့ ကြ သည့် အ တိုင်း၊ ပေး ကမ်း မှု၊ ရ ယူ မှု၌ စ၍ ထောက် ပံ့ သော အ သင်း တော် ကား သင် တို့ တ ပါး သာ ဖြစ် ကြောင်း ကိုယ် တိုင် သိ ကြ၏။
Burmese 2021
အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတစ်ပါး အဘယ်အသင်းတော်မျှ ငါနှင့်မဆက်ဆံကြ။-
Burmese JBZV
Burmese MCLZV
Burmese MSBU
ဖိလိပ္ပိမြို့သူမြို့သားတို့၊ ကောင်းမြတ်သောသတင်းကို စတင်ဟောပြောချိန်၌ မာကေဒေါနိပြည်မှ ငါထွက်လာသောအခါ သင်တို့မှတစ်ပါး မည်သည့်အသင်းတော်မျှ ပေးလှူခြင်းနှင့်လက်ခံခြင်းအမှုတို့၌ ငါနှင့်အတူပါဝင်ခြင်းမရှိခဲ့ကြောင်း သင်တို့သိကြ၏။
Burmese MSBZ