Psalms 149:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
တိုင်းနိုင်ငံအပေါင်းကိုနှိမ်နင်း၍ လူမျိုးတကာတို့အားဒဏ်ခတ်ကြရန်လည်းကောင်း၊ သူတို့၏ဘုရင်များအားသံကြိုးဖြင့်ချည်နှောင်ကာ သူတို့၏ခေါင်းဆောင်များကိုသံခြေကျင်း ခတ်ကြရန်လည်းကောင်း၊ ဘုရားသခင်၏အမိန့်တော်အရတိုင်းနိုင်ငံတို့ကို ဒဏ်ခတ်ရန်လည်းကောင်း ဘုရားသခင်၏လူစုတော်သည်ထက်မြက်သော သံလျက်ကိုလက်တွင်ကိုင်ထားကြစေ။ ဤကားဘုရားသခင်လူစုတော်၏ အောင်ပွဲပင်ဖြစ်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။
Burmese 1835 Version Judson
တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ် ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍၊ မှူးမတ်များ ကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူတို့အား ပြုခြင်းငှါ၎င်း၊ သန့်ရှင်း သူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း ၍၊ သန်လျင်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့်ဆိုင်ကြ၏။ ဟာလေလုယ။
Burmese 1928
လူ မျိုး ခြား တို့ အား လက် စား ချေ လျက်၊ လူ အ မျိုး မျိုး အား ဒဏ် စီ ရင် ခြင်း ငှာ လည်း ကောင်း၊ ချင်း တို့ ဘု ရင် မင်း များ ကို သံ ကြိုး နှင့် ချည် နှောင် လျက်၊ မှူး မတ် တို့ ကို သံ ခြေ ချင်း ခတ် ခြင်း ငှာ လည်း ကောင်း၊ ရေး သား သော စီ ရင် ချက် ကို အ တည် ပြု ခြင်း ငှာ လည်း ကောင်း၊ ဘု ရား သ ခင်၏ ဂုဏ် တော် ကို နှုတ် ဖြင့် အ ထူး ချီး မွမ်း ၍၊ သံ လျက် ကို လည်း စွဲ ကိုင် ကြ စေ။ ကိုယ် တော် ကို ကြည် ညို သူ အ ပေါင်း တို့ သည်၊ ထို သို့ သော ဂုဏ် ကြက် သ ရေ ပိုင် ကြ ၏။ ဟာ လေ လု ယာ။
Burmese 2021
တစ်ပါးအမျိုးသားတို့အား တရားအတိုင်းအပြစ်ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှာလည်းကောင်း၊ သူတို့၏ရှင်ဘုရင်များကို သံကြိုးနှင့်ချည်နှောင်၍၊ မှူးမတ်များကို သံခြေချင်းခတ်ခြင်းငှာလည်းကောင်း၊ ကျမ်းစာ၌မှတ်သားသောအပြစ်စီရင်ခြင်းကို သူတို့အား ပြုခြင်းငှာလည်းကောင်း၊ သန့်ရှင်းသူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း၍၊ သန်လျက်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့် ဆိုင်ကြ၏။ ဟာလေလုယ။
Burmese JBZV
တစ္ပါးအမ်ိဳးသားတို႔အား တရားအတိုင္းအျပစ္ေပး၍၊ လူစုတို႔အား ဒဏ္ခတ္ျခင္းငွာလည္းေကာင္း၊ သူတို႔၏ရွင္ဘုရင္မ်ားကို သံႀကိဳးႏွင့္ခ်ည္ေႏွာင္၍၊ မွူးမတ္မ်ားကို သံေျခခ်င္းခတ္ျခင္းငွာလည္းေကာင္း၊ က်မ္းစာ၌မွတ္သားေသာအျပစ္စီရင္ျခင္းကို သူတို႔အား ျပဳျခင္းငွာလည္းေကာင္း၊ သန္႔ရွင္းသူတို႔သည္ ဘုရားသခင္၏ဂုဏ္ေတာ္ကို ႏွုတ္ႏွင့္ခ်ီးမြမ္း၍၊ သန္လ်က္ကို လက္ႏွင့္ကိုင္ၾကေစ။ ထာဝရဘုရား၏ သန္႔ရွင္းသူအေပါင္းတို႔သည္ ထိုသို႔ေသာဘုန္းႏွင့္ ဆိုင္ၾက၏။ ဟာေလလုယ။
Burmese MCLZV
တိုင္းနိုင္ငံအေပါင္းကိုႏွိမ္နင္း၍ လူမ်ိဳးတကာတို႔အားဒဏ္ခတ္ၾကရန္လည္းေကာင္း၊ သူတို႔၏ဘုရင္မ်ားအားသံႀကိဳးျဖင့္ခ်ည္ေႏွာင္ကာ သူတို႔၏ေခါင္းေဆာင္မ်ားကိုသံေျခက်င္း ခတ္ၾကရန္လည္းေကာင္း၊ ဘုရားသခင္၏အမိန႔္ေတာ္အရတိုင္းနိုင္ငံတို႔ကို ဒဏ္ခတ္ရန္လည္းေကာင္း ဘုရားသခင္၏လူစုေတာ္သည္ထက္ျမက္ေသာ သံလ်က္ကိုလက္တြင္ကိုင္ထားၾကေစ။ ဤကားဘုရားသခင္လူစုေတာ္၏ ေအာင္ပြဲပင္ျဖစ္သတည္း။ ထာဝရဘုရားအားေထာမနာျပဳၾကေလာ့။
Burmese MSBU
သူတို့၏နှုတ်၌ ဘုရားသခင်၏ဂုဏ်တော်ချီးမွမ်းခြင်းရှိကြပါစေ။ သူတို့၏လက်၌လည်း အသွားနှစ်ဖက်ပါသောသန်လျက်ကို ကိုင်ထားကြပါစေ။
Burmese MSBZ
သူတို႔၏ႏႈတ္၌ ဘုရားသခင္၏ဂုဏ္ေတာ္ခ်ီးမြမ္းျခင္းရွိၾကပါေစ။ သူတို႔၏လက္၌လည္း အသြားႏွစ္ဖက္ပါေသာသန္လ်က္ကို ကိုင္ထားၾကပါေစ။