Psalms 16:11 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ရာ လမ်း​ကို​ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​၍ ထာ​ဝ​စဉ်​ပျော်​မွေ့​လျက်​ရှိ​ပါ​၏။
Burmese 1835 Version Judson
အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။
Burmese 1928
အ သက် လမ်း ကို အ ကျွန်ုပ် အား၊ ကိုယ် တော် သိ ကျွမ်း စေ တော် မူ မည်။ ရှေ့ တော်၌ တင်း တိမ် ဖွယ် အား ရ ခွင့်၊ ညာ ဘက် တော်၌ ကာ လ အ စဉ် ပျော် မွေ့ ခွင့် တည် ရှိ လှ ပေ ၏။
Burmese 2021
အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။
Burmese JBZV
အ​သက္​ရွင္​ျခင္း​လမ္း​ကို ျပ​ညႊန္​ေတာ္​မူ​လိမ့္​မည္။ အ​ထံ​ေတာ္၌ စုံ​လင္​ေသာ​ဝမ္း​ေျမာက္​ျခင္း​အ​ခြင့္​ႏွင့္ လက္​ယာ​ေတာ္​နား​မွာ အ​စဥ္​အ​ျမဲ​ေပ်ာ္​ေမြ႕​ျခင္း​အ​ခြင့္​ရွိ​ပါ၏။
Burmese MCLZV
ကိုယ္​ေတာ္​ရွင္​သည္​ကၽြန္​ေတာ္​မ်ိဳး​အား​အ​သက္​ရွင္​ရာ လမ္း​ကို​ျပ​ညႊန္​ေတာ္​မူ​လိမ့္​မည္။ ကိုယ္​ေတာ္​ရွင္​သည္​ကၽြန္​ေတာ္​မ်ိဳး​၏​အ​နီး​တြင္ ရွိ​ေတာ္​မူ​သည္​ျဖစ္​၍ ကၽြန္​ေတာ္​မ်ိဳး​သည္​ရႊင္​လန္း​ဝမ္း​ေျမာက္​၍ ထာ​ဝ​စဥ္​ေပ်ာ္​ေမြ႕​လ်က္​ရွိ​ပါ​၏။-
Burmese MSBU
ကိုယ်တော်​သည် အကျွန်ုပ်​အား အသက်ရှင်​ခြင်း​လမ်း​ကို​သိ​စေ​၍ ရှေ့​တော်​၌ အကျွန်ုပ်​ကို ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံကြွယ်ဝ​စေ​တော်မူ​လိမ့်မည်​။ နှစ်လို​ဖွယ်​ကောင်း​သော​အရာ​သည် ကိုယ်တော်​၏​လက်ယာ​ဘက်​၌ အစဉ်​ရှိ​ပါ​၏​။
Burmese MSBZ
ကိုယ္ေတာ္​သည္ အကြၽႏ္ုပ္​အား အသက္ရွင္​ျခင္း​လမ္း​ကို​သိ​ေစ​၍ ေရွ႕​ေတာ္​၌ အကြၽႏ္ုပ္​ကို ဝမ္းေျမာက္​ျခင္း​ျဖင့္ ျပည့္စုံႂကြယ္ဝ​ေစ​ေတာ္မူ​လိမ့္မည္​။ ႏွစ္လို​ဖြယ္​ေကာင္း​ေသာ​အရာ​သည္ ကိုယ္ေတာ္​၏​လက္ယာ​ဘက္​၌ အစဥ္​ရွိ​ပါ​၏​။