Psalms 18:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အို ထာဝရဘုရား၊ ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက် ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။
Burmese 1835 Version Judson
ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူ သောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက် မြစ်တို့သည်ပွင့်လစ် ထင်ပေါ်လျက်ရှိကြ၏။
Burmese 1928
အို ထာ ဝ ရ ဘု ရား၊ အ မိန့် တော် ရှိ၍၊ နှာ တော် ဖြင့် ရှူ မှုတ် တော် မူ သည့် ကာ လ၊ ရေ စီး ရေ မြောင်း အောက် ခံ များ ထင် ပေါ် လျက်၊ မြေ ကြီး အ ခြေ အ မြစ် များ ဟင်း လင်း ပေါ် ရ ပါ၏။
Burmese 2021
ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ပွင့်လစ်ထင်ပေါ်လျက်ရှိကြ၏။
Burmese JBZV
ထိုအခါ အိုထာဝရဘုရား၊ ကိုယ္ေတာ္သည္ အျပစ္တင္၍ ႏွာေခါင္းေတာ္ထဲက အသက္ရွူေတာ္မူေသာအားျဖင့္၊ သမုဒၵရာေအာက္ျပင္ႏွင့္ ေလာကတိုက္ျမစ္တို႔သည္ ပြင့္လစ္ထင္ေပၚလ်က္ရွိၾက၏။
Burmese MCLZV
အို ထာဝရဘုရား၊ ကိုယ္ေတာ္သည္ရန္သူတို႔အားအမ်က္ ထြက္လ်က္ ဟိန္းသံျဖင့္ဆုံးမေတာ္မူလိုက္ေသာအခါ သမုဒၵရာ ေအာက္ခံေျမသည္လည္းေကာင္း၊ကမၻာေျမႀကီး၏ အေျခခံအုတ္ျမစ္မ်ားသည္လည္းေကာင္း ပြင့္လစ္ေပၚထြက္လာကုန္၏။
Burmese MSBU
အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
Burmese MSBZ
အို ထာဝရဘုရား၊ ကိုယ္ေတာ္၏ဆုံးမျခင္းႏွင့္ ႏွာေခါင္းေတာ္ထဲမွ ရႉထုတ္ေသာေလေၾကာင့္ ပင္လယ္ၾကမ္းျပင္မ်ား ေပၚလာ၍ ကမာၻႀကီး၏ေအာက္ေျခတို႔သည္ ဟင္းလင္းျပင္ျဖစ္ေလ၏။