Psalms 28:7 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကိုး​စား​၏။ ကိုယ်​တော်​သည်​ငါ့​အား​ကူ​မ​တော်​မူ​သ​ဖြင့် ငါ​သည်​ဝမ်း​မြောက်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၏။
Burmese 1835 Version Judson
ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည်။
Burmese 1928
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
Burmese 2021
ငါ​တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ခွန်​အား​ဗ​လ၊ ငါ၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ငါ့​နှ​လုံး​သည် ထို​ဘု​ရား​ကို ကိုး​စား၍၊ ငါ့​ကို​စောင့်​မ​တော်​မူ​သော​ကြောင့်၊ ငါ့​နှ​လုံး​သည်​ရွှင်​လန်း​လျက်​ရှိ၏။ သီ​ချင်း​ဆို​လျက် ဂုဏ်​တော်​ကို​ငါ​ချီး​မွမ်း​မည်။
Burmese JBZV
ငါ​ေတာင္း​ေလၽွာက္​ေသာ​အ​သံ​ကို နား​ေထာင္​ေတာ္​မူ​ၿပီ။ ထာ​ဝ​ရ​ဘု​ရား​သည္ ငါ၏​ခြန္​အား​ဗ​လ၊ ငါ၏ အ​ကြယ္​အ​ကာ ျဖစ္​ေတာ္​မူ၏။ ငါ့​ႏွ​လုံး​သည္ ထို​ဘု​ရား​ကို ကိုး​စား၍၊ ငါ့​ကို​ေစာင့္​မ​ေတာ္​မူ​ေသာ​ေၾကာင့္၊ ငါ့​ႏွ​လုံး​သည္​ရႊင္​လန္း​လ်က္​ရွိ၏။ သီ​ခ်င္း​ဆို​လ်က္ ဂုဏ္​ေတာ္​ကို​ငါ​ခ်ီး​မြမ္း​မည္။
Burmese MCLZV
ထာ​ဝ​ရ​ဘု​ရား​သည္​ငါ့​ကို​ကြယ္​ကာ ေစာင့္​ေရွာက္​ေတာ္​မူ​၏။ ငါ​သည္​ကိုယ္​ေတာ္​အား​ကိုး​စား​၏။ ကိုယ္​ေတာ္​သည္​ငါ့​အား​ကူ​မ​ေတာ္​မူ​သ​ျဖင့္ ငါ​သည္​ဝမ္း​ေျမာက္​လ်က္​ကိုယ္​ေတာ္​အား ေထာ​မ​နာ​သီ​ခ်င္း​မ်ား​ကို​ဆို​၏။
Burmese MSBU
ထာဝရဘုရား​သည် ငါ​၏​အစွမ်းသတ္တိ​၊ ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ ငါ​၏​စိတ်နှလုံး​သည် ကိုယ်တော်​ကို ယုံကြည်ကိုးစား​သဖြင့် ငါ​သည် ကူညီမစ​တော်မူ​ခြင်း​ကို​ခံရ​၏​။ ထို့ကြောင့် ငါ​၏​စိတ်နှလုံး​သည် ရွှင်မြူး​၏​။ ငါ​သည် ငါ့​သီချင်း​ဖြင့် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​မည်​။
Burmese MSBZ
ထာဝရဘုရား​သည္ ငါ​၏​အစြမ္းသတၱိ​၊ ငါ​၏​ဒိုင္းလႊား​ျဖစ္​ေတာ္မူ​၏​။ ငါ​၏​စိတ္ႏွလုံး​သည္ ကိုယ္ေတာ္​ကို ယုံၾကည္ကိုးစား​သျဖင့္ ငါ​သည္ ကူညီမစ​ေတာ္မူ​ျခင္း​ကို​ခံရ​၏​။ ထို႔ေၾကာင့္ ငါ​၏​စိတ္ႏွလုံး​သည္ ႐ႊင္ျမဴး​၏​။ ငါ​သည္ ငါ့​သီခ်င္း​ျဖင့္ ကိုယ္ေတာ္​၏​ေက်းဇူးေတာ္​ကို​ခ်ီးမြမ္း​မည္​။