Psalms 30:12 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​မည် မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။
Burmese 1835 Version Judson
သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်တော်သည် တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော် ကို အစဉ်အမြဲချီးမွမ်းပါမည်။ ဒါဝိဒ်သည် အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။
Burmese 1928
သို့ ဖြစ် ၍၊ အ ကျွန်ုပ်၏ ဝိ ညာဉ် သည် ဆိတ် ဆိတ် မ နေ ဘဲ၊ ဂုဏ် တော် ကို သီ ချင်း ဖွဲ့ ဆို ပါ မည်။ အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကို ကာ လ အ စဉ် ချီး မွမ်း ပါ မည်။
Burmese 2021
သို့​ဖြစ်၍ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တိတ်​ဆိတ်​စွာ​မ​နေ။ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။
Burmese JBZV
သို႔​ျဖစ္၍ အ​ကၽြန္ုပ္၏​ဝိ​ညာဥ္​သည္ တိတ္​ဆိတ္​စြာ​မ​ေန။ ကိုယ္​ေတာ္​ကို သီ​ခ်င္း​ဆို​ပါ​မည္။ အို​အ​ကၽြန္ုပ္၏ ဘု​ရား​သ​ခင္​ထာ​ဝ​ရ​ဘု​ရား၊ ေက်း​ဇူး​ေတာ္​ကို အ​စဥ္​အ​ျမဲ​ခ်ီး​မြမ္း​ပါ​မည္။
Burmese MCLZV
သို႔​ျဖစ္​၍​ကၽြန္​ေတာ္​မ်ိဳး​သည္​ဆိတ္​ဆိတ္​ေန​မည္ မ​ဟုတ္​ပါ။ ကိုယ္​ေတာ္​ရွင္​အား​ေထာ​မ​နာ​သီ​ခ်င္း​ဆို​ပါ​မည္။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ္​ေတာ္​ရွင္​သည္​ကၽြန္​ေတာ္​မ်ိဳး​၏​ဘု​ရား ျဖစ္​ေတာ္​မူ​ပါ​၏။ ကၽြန္​ေတာ္​မ်ိဳး​သည္​ကိုယ္​ေတာ္​ရွင္​၏​ေက်း​ဇူး ေတာ္​ကို အ​စဥ္​အ​ျမဲ​ခ်ီး​မြမ္း​ပါ​မည္။
Burmese MSBU
သို့ဖြစ်၍ အကျွန်ုပ်​၏​ဝိညာဉ်​သည် တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ကိုယ်တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။ အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို အစဉ်အမြဲ​ချီးမွမ်း​ပါ​မည်​။
Burmese MSBZ
သို႔ျဖစ္၍ အကြၽႏ္ုပ္​၏​ဝိညာဥ္​သည္ တိတ္ဆိတ္​စြာ​မ​ေန​ဘဲ ကိုယ္ေတာ္​ကို​သီဆိုခ်ီးမြမ္း​ပါ​မည္​။ အို အကြၽႏ္ုပ္​၏​ဘုရားသခင္ ထာဝရဘုရား​၊ အကြၽႏ္ုပ္​သည္ ကိုယ္ေတာ္​၏​ေက်းဇူးေတာ္​ကို အစဥ္အၿမဲ​ခ်ီးမြမ္း​ပါ​မည္​။