Psalms 31:22 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။ သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည် ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
Burmese 1835 Version Judson
အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုတ်လှုပ်လျက် ဆိုမိသော်လည်း၊ ကိုယ်တော်ကိုအော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကိုကိုယ်တော်နားထောင်တော်မူသတည်း။
Burmese 1928
အ ကျွန်ုပ် မူ ကား၊ ရှေ့ တော် မှ ပယ် ရှား ခြင်း ခံ ရ ပါ ပြီ ဟု၊ ထိတ် လန့် လျက် ဆို မိ သော် လည်း၊ အ ကျွန်ုပ် ဟစ် ခေါ် သော်၊ အ သ နား တော် ခံ သံ များ ကို နား ညောင်း တော် မူ သေး ၏။
Burmese 2021
အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုန်လှုပ်လျက်ဆိုမိသော်လည်း၊ ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်ပြုသောပတ္ထနာစကားသံကို ကိုယ်တော် နားထောင်တော်မူသတည်း။
Burmese JBZV
အကၽြန္ုပ္သည္ ကိုယ္ေတာ္၏မ်က္ႏွာကြယ္ရာ၌ ဆုံးရွုံးပါၿပီဟု အကၽြန္ုပ္တုန္လွုပ္လ်က္ဆိုမိေသာ္လည္း၊ ကိုယ္ေတာ္ကို ေအာ္ဟစ္ေသာအခါ အကၽြန္ုပ္ျပဳေသာပတၳနာစကားသံကို ကိုယ္ေတာ္ နားေထာင္ေတာ္မူသတည္း။
Burmese MCLZV
ကိုယ္ေတာ္ရွင္သည္ငါ့အားေရွ႕ေတာ္ေမွာက္မွ ႏွင္ထုတ္ေတာ္မူေလၿပီဟူ၍ ငါသည္ေၾကာက္လန႔္စိုးရိမ္မိပါ၏။ သို႔ရာတြင္အထံေတာ္သို႔ကူမေတာ္မူရန္ ငါေအာ္ဟစ္ေသာအခါ၊ကိုယ္ေတာ္ရွင္သည္ ငါ၏ေအာ္ဟစ္သံကိုၾကားေတာ္မူ၏။
Burmese MSBU
“ကိုယ်တော်၏မျက်မှောက်တော်မှ အဆက်ဖြတ်ခံရပြီ”ဟု အကျွန်ုပ်အလန့်တကြားပြောဆိုမိပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်ထံ အကူအညီအော်ဟစ်တောင်းခံသောအခါ ကိုယ်တော်သည် အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူ၏။
Burmese MSBZ
“ကိုယ္ေတာ္၏မ်က္ေမွာက္ေတာ္မွ အဆက္ျဖတ္ခံရၿပီ”ဟု အကြၽႏ္ုပ္အလန႔္တၾကားေျပာဆိုမိပါ၏။ သို႔ေသာ္ အကြၽႏ္ုပ္သည္ ကိုယ္ေတာ္ထံ အကူအညီေအာ္ဟစ္ေတာင္းခံေသာအခါ ကိုယ္ေတာ္သည္ အကြၽႏ္ုပ္အသနားခံေသာအသံကို နားေညာင္းေတာ္မူ၏။