Psalms 40:10 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကျွန်​တော်​မျိုး​သည်​ကယ်​တင်​ခြင်း​သ​တင်း​တော်​ကို မျို​သိပ်​၍​မ​ထား​ပါ။ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​နှင့် ကူ​မ​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို အ​စဉ်​ပင်​ဖော်​ပြ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​နှင့် ခိုင်​မြဲ​သော​မေတ္တာ​တော်​အ​ကြောင်း​တို့​ကို မ​ထိမ်​မ​ဝှက်​ပါ။
Burmese 1835 Version Judson
ဖြောင့်မတ်စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲမှာ ဝှက်၍မထားပါနှင့်။ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်း တရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြော ပါပြီ။ ကရူဏာတော်နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်းဝှက်ပါ။
Burmese 1928
ဖြောင့် မတ် တော် မူ ခြင်း ကို၊ စိတ် နှ လုံး အ တွင်း ကွယ် ဝှက် ခြင်း၊ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် ကို၊ ပ ရိ သတ် တော် ကြီး ထံ မှ ထိမ် ချန် ခြင်း မ ပြု ဘဲ၊ သ စ္စာ တော် နှင့် ကယ် တင် တော် မူ ခြင်း အ ကြောင်း ကို ဖော် ပြ ခဲ့ ပါ ပြီ။
Burmese 2021
ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ခြင်း​တ​ရား​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှ​လုံး​ထဲ​မှာ ဝှက်၍​မ​ထား​ပါ​နှင့်။ သ​စ္စာ​စောင့်​တော်​မူ​ခြင်း​တ​ရား​နှင့် ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ဟော​ပြော​ပါ​ပြီ။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို ပ​ရိ​သတ်​ကြီး​အ​လယ်​မှာ မ​ထိမ်​မ​ဝှက်​ပါ။
Burmese JBZV
ေျဖာင့္​မတ္​စြာ စီ​ရင္​ေတာ္​မူ​ျခင္း​တ​ရား​ကို အ​ကၽြန္ုပ္​သည္ ကိုယ္​ႏွ​လုံး​ထဲ​မွာ ဝွက္၍​မ​ထား​ပါ​ႏွင့္။ သ​စၥာ​ေစာင့္​ေတာ္​မူ​ျခင္း​တ​ရား​ႏွင့္ ကယ္​တင္​ေတာ္​မူ​ျခင္း​တ​ရား​ကို ေဟာ​ေျပာ​ပါ​ၿပီ။ က​႐ု​ဏာ​ေတာ္​ႏွင့္ သ​စၥာ​ေတာ္​ကို ပ​ရိ​သတ္​ႀကီး​အ​လယ္​မွာ မ​ထိမ္​မ​ဝွက္​ပါ။
Burmese MCLZV
ကၽြန္​ေတာ္​မ်ိဳး​သည္​ကယ္​တင္​ျခင္း​သ​တင္း​ေတာ္​ကို မ်ိဳ​သိပ္​၍​မ​ထား​ပါ။ ကိုယ္​ေတာ္​ရွင္​၏​သစၥာ​ေတာ္​အ​ေၾကာင္း​ႏွင့္ ကူ​မ​ေတာ္​မူ​ျခင္း​အ​ေၾကာင္း​တို႔​ကို အ​စဥ္​ပင္​ေဖာ္​ျပ​ခဲ့​ပါ​၏။ ကိုယ္​ေတာ္​ရွင္​၏​လူ​စု​ေတာ္​ဝင္​အ​ေပါင္း​တို႔ စု​ေဝး​ရာ​၌ ကၽြန္​ေတာ္​မ်ိဳး​သည္​ကိုယ္​ေတာ္​ရွင္​၏​သစၥာ​ေတာ္ အ​ေၾကာင္း​ႏွင့္ ခိုင္​ျမဲ​ေသာ​ေမတၱာ​ေတာ္​အ​ေၾကာင္း​တို႔​ကို မ​ထိမ္​မ​ဝွက္​ပါ။
Burmese MSBU
အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို အကျွန်ုပ်​စိတ်နှလုံး​ထဲ၌ ဖုံးကွယ်​မ​ထား​ပါ​။ ကိုယ်တော်​၏​သစ္စာ​တော်​နှင့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​အကြောင်း​ကို အကျွန်ုပ်​ပြောကြား​ပါ​ပြီ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့် ကိုယ်တော်​၏​သမ္မာတရား​ကို လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​ထိမ်ဝှက်​မ​ထား​ပါ​။
Burmese MSBZ
အကြၽႏ္ုပ္​သည္ ကိုယ္ေတာ္​၏​ေျဖာင့္မတ္​ျခင္း​ကို အကြၽႏ္ုပ္​စိတ္ႏွလုံး​ထဲ၌ ဖုံးကြယ္​မ​ထား​ပါ​။ ကိုယ္ေတာ္​၏​သစၥာ​ေတာ္​ႏွင့္ ကိုယ္ေတာ္​၏​ကယ္တင္​ျခင္း​အေၾကာင္း​ကို အကြၽႏ္ုပ္​ေျပာၾကား​ပါ​ၿပီ​။ ကိုယ္ေတာ္​၏​ေမတၱာက႐ုဏာ​ႏွင့္ ကိုယ္ေတာ္​၏​သမၼာတရား​ကို လူအစုအေဝး​ႀကီး​အလယ္​၌ အကြၽႏ္ုပ္​ထိမ္ဝွက္​မ​ထား​ပါ​။