Psalms 42:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အား ထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အား ငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။
Burmese 1835 Version Judson
ထိုအခြင်းအရာကို ငါအောက်မေ့၍နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည်လူစုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်း အသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံ သောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ။
Burmese 1928
ဘု ရား သ ခင့် ဗိ မာန် တော် သို့ သွား ရာ ကြွေး ကြော် ခြင်း၊ ထော မ နာ ပြု ခြင်း အ သံ မြွက် ဆို လျက်၊ ဘု ရား ဖူး သူ လူ ပ ရိ သတ် ကို ငါ ဦး ဆောင် ခဲ့ ရ ကြောင်း သ တိ ရ၍၊ ငါ့ စိတ် ဝိ ညာဉ် ကြေ ကွဲ လျက် ရှိ၏။
Burmese 2021
ထိုအခြင်းအရာကို ငါအောက်မေ့၍ နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည် လူစုများနှင့် ပေါင်းဖော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ။
Burmese JBZV
ထိုအျခင္းအရာကို ငါေအာက္ေမ့၍ ေနစဥ္တြင္၊ ငါ့စိတ္ႏွလုံးသည္ ေၾကကြဲလ်က္ရွိ၏။ အေၾကာင္းမူကား၊ ငါသည္ လူစုမ်ားႏွင့္ ေပါင္းေဖာ္လ်က္၊ ရႊင္လန္းျခင္းအသံ၊ ေထာမနာျပဳျခင္းအသံတို႔ကို ၿပိဳင္ဆို၍၊ ဓမၼပြဲခံေသာလူစုမ်ားႏွင့္အတူ ဘုရားသခင္၏ အိမ္ေတာ္သို႔ ျဖည္းညင္းစြာ သြားလွေလၿပီ။
Burmese MCLZV
ရႊင္လန္းစြာသီခ်င္းဆိုကာဘုရားသခင္ အား ေထာမနာျပဳလ်က္အိမ္ေတာ္သို႔သြားသူ လူပရိသတ္အား ငါသည္ဦးေဆာင္ခဲ့ေၾကာင္းကိုသတိရေသာ အခါ ငါ၏စိတ္ႏွလုံးသည္ေၾကကြဲပါ၏။
Burmese MSBU
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
Burmese MSBZ
ဤအရာတို႔ကိုငါေအာက္ေမ့ေသာအခါ ငါ၏စိတ္ဝိညာဥ္သည္ ငါ့အထဲ၌ယိုဖိတ္လ်က္ရွိ၏။ အေၾကာင္းမူကား ငါသည္ လူအုပ္ႀကီးႏွင့္အတူေလွ်ာက္သြား၍ ပြဲေတာ္က်င္းပေနသည့္ထိုလူအုပ္ႏွင့္အတူ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းအသံႏွင့္ ႐ႊင္လန္းစြာေႂကြးေၾကာ္ျခင္းအသံျဖင့္ ဘုရားသခင္၏အိမ္ေတာ္သို႔ တေ႐ြ႕ေ႐ြ႕သြားေလ့ရွိ၏။