Psalms 45:8 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အရှင်မင်းကြီး၏ဝတ်လဲတော်တို့သည် မုရန်၊အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့်မွှေးကြိုင်လျက်ရှိပါ၏။ ဂီတပညာသည်တို့သည်ဆင်စွယ်နန်းတော်များတွင် အရှင်မင်းကြီးအားဖျော်ဖြေကြပါ၏။
Burmese 1835 Version Judson
ဆင်စွယ်ဘုံဗိမာန်ထဲက ထုတ်သောအဝတ် တန်ဆာတော်ရှိသမျှတို့သည်မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေး နှင့် ပြည့်စုံ၍ နှစ်သက်တော်မူဘွယ် ဖြစ်ကြပါ၏။
Burmese 1928
အ ဝတ် အ ထည် တော် ရှိ သ မျှ သည်၊ မု ရန် စေ့၊ အ ကျော်၊ သစ် ကြံ ပိုး နံ့ နှင့် မွှေး ကြိုင် ၍၊ ဆင် စွယ် နန်း တော် များ မှ ကြား ရ သော ကြိုး တပ် တူ ရိ ယာ မျိုး အား ဖြင့်၊ အား ရ ရွှင် လန်း တော် မူ ရ ပါ ၏။
Burmese 2021
ဆင်စွယ်ဘုံဗိမာန်ထဲကထုတ်သော အဝတ်တန်ဆာတော်ရှိသမျှတို့သည် မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက်တော်မူဖွယ်ဖြစ်ကြပါ၏။
Burmese JBZV
ဆင္စြယ္ဘုံဗိမာန္ထဲကထုတ္ေသာ အဝတ္တန္ဆာေတာ္ရွိသမၽွတို႔သည္ မုရန္၊ အေက်ာ္၊ သစ္ႀကံပိုးအေမႊးႏွင့္ ျပည့္စုံ၍ ႏွစ္သက္ေတာ္မူဖြယ္ျဖစ္ၾကပါ၏။
Burmese MCLZV
အရွင္မင္းႀကီး၏ဝတ္လဲေတာ္တို႔သည္ မုရန္၊အေက်ာ္၊ သစ္ၾကပိုးရနံ့တို႔ျဖင့္ေမႊးႀကိဳင္လ်က္ရွိပါ၏။ ဂီတပညာသည္တို႔သည္ဆင္စြယ္နန္းေတာ္မ်ားတြင္ အရွင္မင္းႀကီးအားေဖ်ာ္ေျဖၾကပါ၏။
Burmese MSBU
ကိုယ်တော်၏အဝတ်ရှိသမျှတို့သည် မုရန်၊ သစ်မွှေး၊ သစ်ကြံပိုးတို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။ ဆင်စွယ်နန်းတော်များမှ ကြိုးတပ်တူရိယာတို့သည် ကိုယ်တော်ကိုဝမ်းမြောက်စေပါ၏။
Burmese MSBZ
ကိုယ္ေတာ္၏အဝတ္ရွိသမွ်တို႔သည္ မုရန္၊ သစ္ေမႊး၊ သစ္ႀကံပိုးတို႔ျဖင့္ ေမႊးႀကိဳင္လ်က္ရွိပါ၏။ ဆင္စြယ္နန္းေတာ္မ်ားမွ ႀကိဳးတပ္တူရိယာတို႔သည္ ကိုယ္ေတာ္ကိုဝမ္းေျမာက္ေစပါ၏။