Psalms 56:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားသစ္စာကတိ ပြုခဲ့သည့်အတိုင်းသစ္စာဝတ်ကိုဖြေပါမည်။ ချီးမွမ်းရာပူဇော်သကာကိုကိုယ်တော်ရှင်အား ဆက်သပါမည်။
Burmese 1835 Version Judson
အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကို ဖြေလျက်ကိုယ်တော် ကို ချီးမွမ်းပါမည်။
Burmese 1928
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် သည် ရှေ့ တော်၌ ထား သော သ စ္စာ ဝတ် ကို ဖြေ လျက်၊ ချီး မွမ်း ရာ ပူ ဇော် သ က္ကာ ကို ဆက် ကပ် ပါ မည်။
Burmese 2021
အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကိုဖြေလျက် ကိုယ်တော်ကို ချီးမွမ်းပါမည်။
Burmese JBZV
အိုဘုရားသခင္၊ အကၽြန္ုပ္သည္ ေရွ႕ေတာ္၌သစၥာျပဳပါသည္ျဖစ္၍၊ သစၥာဝတ္ကိုေျဖလ်က္ ကိုယ္ေတာ္ကို ခ်ီးမြမ္းပါမည္။
Burmese MCLZV
အို ဘုရားသခင္၊ ကၽြန္ေတာ္မ်ိဳးသည္ကိုယ္ေတာ္ရွင္အားသစၥာကတိ ျပဳခဲ့သည့္အတိုင္းသစၥာဝတ္ကိုေျဖပါမည္။ ခ်ီးမြမ္းရာပူေဇာ္သကာကိုကိုယ္ေတာ္ရွင္အား ဆက္သပါမည္။
Burmese MSBU
အို ဘုရားသခင်၊ ကိုယ်တော့်ထံပြုထားသောကတိသစ္စာများသည် အကျွန်ုပ်၌ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်အား ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ၎င်းကိုပြည့်စုံစေပါမည်။
Burmese MSBZ
အို ဘုရားသခင္၊ ကိုယ္ေတာ္ထံျပဳထားေသာကတိသစၥာမ်ားသည္ အကြၽႏ္ုပ္၌ရွိပါ၏။ အကြၽႏ္ုပ္သည္ ကိုယ္ေတာ္အား ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းျဖင့္ ၎ကိုျပည့္စုံေစပါမည္။