Psalms 57:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကျွန်​တော်​မျိုး​သည်​ခို​လှုံ​ရန်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ သ​နား​တော်​မူ​ပါ။ မိုး​သက်​မုန်​တိုင်း​လွန်​သွား​သည်​အ​ထိ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​တောင်​တော်​အ​ရိပ်​တွင်​ခို​လှုံ​ပါ​၏။
Burmese 1835 Version Judson
အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ သနားတော်မူပါ။ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ၏။ အတောင်တော် အရိပ်၌ ခိုလှုံပါ၏။
Burmese 1928
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ သက်၍ သ နား တော် မူ ပါ။ ကိုယ် တော်၌ အ ကျွန်ုပ်၏ အ သက် ခို လှုံ ပါ၏။ ဘေး ဒု က္ခ များ လွန် သွား သည့် တိုင် အောင်၊ အ တောင် တော် အောက် ၌ အ ကျွန်ုပ် ခို လှုံ ပါ မည်။
Burmese 2021
အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ သ​နား​တော်​မူ​ပါ။ ဘေး​မ​လွန်​မီ​တိုင်​အောင် အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ခို​လှုံ​ပါ၏။ အ​တောင်​တော်​အ​ရိပ်၌ ခို​လှုံ​ပါ၏။
Burmese JBZV
အို​ဘု​ရား​သ​ခင္၊ အ​ကၽြန္ုပ္​ကို​သ​နား​ေတာ္​မူ​ပါ။ သ​နား​ေတာ္​မူ​ပါ။ ေဘး​မ​လြန္​မီ​တိုင္​ေအာင္ အ​ကၽြန္ုပ္၏ ဝိ​ညာဥ္​သည္ ကိုယ္​ေတာ္​ကို ခို​လွုံ​ပါ၏။ အ​ေတာင္​ေတာ္​အ​ရိပ္၌ ခို​လွုံ​ပါ၏။
Burmese MCLZV
ကၽြန္​ေတာ္​မ်ိဳး​သည္​ခို​လွုံ​ရန္​အ​ထံ​ေတာ္​သို႔ ခ်ဥ္း​ကပ္​ပါ​၏။ သို႔​ျဖစ္​၍​ကၽြန္​ေတာ္​မ်ိဳး​အား​သ​နား​ေတာ္​မူ​ပါ။ အို ဘု​ရား​သ​ခင္၊ သ​နား​ေတာ္​မူ​ပါ။ မိုး​သက္​မုန္​တိုင္း​လြန္​သြား​သည္​အ​ထိ ကၽြန္​ေတာ္​မ်ိဳး​သည္​ကိုယ္​ေတာ္​ရွင္​၏ အ​ေတာင္​ေတာ္​အ​ရိပ္​တြင္​ခို​လွုံ​ပါ​၏။
Burmese MSBU
အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ခိုလှုံ​ပါ​၏​။ ပျက်စီး​ခြင်း​ဘေး​များ​ကျော်လွန်​သွား​သည်​အထိ ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ အကျွန်ုပ်​ခိုလှုံ​ပါ​မည်​။
Burmese MSBZ
အို ဘုရားသခင္​၊ အကြၽႏ္ုပ္​ကို​သနား​ေတာ္မူ​ပါ​။ အကြၽႏ္ုပ္​ကို​သနား​ေတာ္မူ​ပါ​။ အေၾကာင္းမူကား အကြၽႏ္ုပ္​၏​စိတ္ဝိညာဥ္​သည္ ကိုယ္ေတာ္​ကို​ခိုလႈံ​ပါ​၏​။ ပ်က္စီး​ျခင္း​ေဘး​မ်ား​ေက်ာ္လြန္​သြား​သည္​အထိ ကိုယ္ေတာ္​၏​အေတာင္​ေတာ္​အရိပ္​ေအာက္​၌ အကြၽႏ္ုပ္​ခိုလႈံ​ပါ​မည္​။