Psalms 65:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ဆုတောင်းပတ္ထနာများကို နားညောင်းတော်မူတတ်သဖြင့် ကျွန်တော်မျိုးတို့သည်ဇိအုန်တောင်တော် ပေါ်တွင် ကိုယ်တော်ရှင်အားထောမနာပြုထိုက်ပါ၏။ မိမိတို့ပြုခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေ ထိုက်ပါ၏။ လူအပေါင်းတို့သည်မိမိတို့၏အပြစ်များ အတွက် ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏မှားယွင်းချက်များသည် အလွန်ပင်များသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အပြစ်ဖြေလွှတ်တော်မူပါ၏။
Burmese 1835 Version Judson
အို ဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ချီးမွမ်းရပါ၏။ ကိုယ်တော် အားလည်း သစ္စာဝတ်ကို ဖြေရပါ၏။
Burmese 1928
အို ဘု ရား သ ခင်၊ ဇိ အုန် မြို့ ၌ ငြိမ် ဝပ် စွာ နေ ခြင်း သည်၊ ကိုယ် တော့် ထံ ချီး မွမ်း ခြင်း ဖြစ် လျက်၊ သ စ္စာ ဝတ် ကို လည်း ဖြေ ထိုက် ပါ ၏။
Burmese 2021
အို ဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ချီးမွမ်းရပါ၏။ ကိုယ်တော်အားလည်း သစ္စာဝတ်ကိုဖြေရပါ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
အို ဘုရားသခင်၊ ချီးမွမ်းခြင်းသည် ဇိအုန်၌ ကိုယ်တော်ကို စောင့်ကြိုနေပါ၏။ ပြုထားသောကတိသစ္စာကိုလည်း ကိုယ်တော်ထံ ပြည့်စုံစေပါမည်။
Burmese MSBZ