Psalms 65:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်ရှင်သည်မိုးကိုရွာစေတော်မူလျက် ထွန်ယက်ထားသည့်လယ်ယာများကိုစိုစွတ် စေတော်မူပါ၏။ ထိုနောက်မိုးရေဖြင့်မြေဆီလွှာကို ပျော့စေတော်မူပြီးလျှင်ပျိုးပင်ငယ်များကို ပေါက်စေတော်မူပါ၏။
Burmese 1835 Version Judson
မြေရိုးတို့ကို စိုစွတ်စေ၍၊ လယ်ပြင်ကို တညီတည်း စီရင်ပြီးမှ၊ မိုဃ်းရွာသောအားဖြင့် ပြော့စေ၍၊ ပေါက်သော အပင်များကို ကောင်းကြီးပေးတော်မူ၏။
Burmese 1928
ထယ် ကြောင်း စို စွတ် ခြင်း၊ ထယ် စာ ညီ ညာ ခြင်း၊ မိုး ရွာ သ ဖြင့် ပြော့ အိ ခြင်း၊ အ ညှောက် ကောင်း ကြီး ပေး ခြင်း များ ဖြင့် ပြု စု တော် မူ ပါ ၏။
Burmese 2021
မြေရိုးတို့ကို စိုစွတ်စေ၍၊ လယ်ပြင်ကို တညီတည်းစီရင်ပြီးမှ၊ မိုးရွာသောအားဖြင့် ပျော့စေ၍၊ ပေါက်သောအပင်များကို ကောင်းချီးပေးတော်မူ၏။
Burmese JBZV
ေျမရိုးတို႔ကို စိုစြတ္ေစ၍၊ လယ္ျပင္ကို တညီတည္းစီရင္ၿပီးမွ၊ မိုးရြာေသာအားျဖင့္ ေပ်ာ့ေစ၍၊ ေပါက္ေသာအပင္မ်ားကို ေကာင္းခ်ီးေပးေတာ္မူ၏။
Burmese MCLZV
ကိုယ္ေတာ္ရွင္သည္မိုးကိုရြာေစေတာ္မူလ်က္ ထြန္ယက္ထားသည့္လယ္ယာမ်ားကိုစိုစြတ္ ေစေတာ္မူပါ၏။ ထိုေနာက္မိုးေရျဖင့္ေျမဆီလႊာကို ေပ်ာ့ေစေတာ္မူၿပီးလၽွင္ပ်ိဳးပင္ငယ္မ်ားကို ေပါက္ေစေတာ္မူပါ၏။
Burmese MSBU
ကိုယ်တော်သည် ထိုမြေပေါ်မှထွန်ကြောင်းတို့ကို စိုစွတ်စေ၍ ထယ်စာတို့ကို ညီညာစေတော်မူ၏။ ရွာသွန်းသောမိုးအားဖြင့် ထိုမြေကိုပျော့ပျောင်းစေ၍ ၎င်း၌ပေါက်သောအပင်ကို ကောင်းချီးပေးတော်မူ၏။
Burmese MSBZ
ကိုယ္ေတာ္သည္ ထိုေျမေပၚမွထြန္ေၾကာင္းတို႔ကို စိုစြတ္ေစ၍ ထယ္စာတို႔ကို ညီညာေစေတာ္မူ၏။ ႐ြာသြန္းေသာမိုးအားျဖင့္ ထိုေျမကိုေပ်ာ့ေပ်ာင္းေစ၍ ၎၌ေပါက္ေသာအပင္ကို ေကာင္းခ်ီးေပးေတာ္မူ၏။