Psalms 65:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဗိမာန်တော်၌နေ၍အထံတော်သို့ချဉ်းကပ် စေရန် ကိုယ်တော်ရှင်ရွေးချယ်သောသူများသည် မင်္ဂလာရှိပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏အိမ်တော်မှ ကောင်းမြတ်သောအရာများ၊သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်မှကောင်းချီးမင်္ဂလာများကိုခံစား ရရှိ ကြသဖြင့်ရောင့်ရဲကြပါလိမ့်မည်။
Burmese 1835 Version Judson
တန်တိုင်းတော်အတွင်း၌ နေ၍၊ အထံတော်သို့ ချဉ်းကပ်စေခြင်းငှါ၊ ကိုယ်တော်ရွေးကောက် တော်မူသော သူသည် မင်္ဂလာရှိပါ၏။ သန့်ရှင်းသော ဗိမာန်တော်တည်းဟူသော အိမ်တော်၌ ကောင်းသော အရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော။
Burmese 1928
တံ တိုင်း တော် များ အ တွင်း၊ ကိုယ် တော့် ထံ ချဉ်း ကပ် နေ ထိုင် ရန်၊ ရွေး ချယ် တော် မူ ခြင်း ခံ ရ သူ သည် မင်္ဂ လာ ရှိ ပါ၏။ သန့် ရှင်း သော စံ တော် မူ ရာ ဗိ မာန် တော် ၏ စည်း စိမ် ချမ်း သာ နှင့်၊ အ ကျွန်ုပ် တို့ ရောင့် ရဲ ကြ လိမ့် မည်။
Burmese 2021
တံတိုင်းတော်အတွင်း၌ နေ၍၊ အထံတော်သို့ ချဉ်းကပ်စေခြင်းငှာ၊ ကိုယ်တော် ရွေးကောက်တော်မူသော သူသည် မင်္ဂလာရှိပါ၏။ သန့်ရှင်းသော ဗိမာန်တော်တည်းဟူသော အိမ်တော်၌ ကောင်းသောအရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော။
Burmese JBZV
တံတိုင္းေတာ္အတြင္း၌ ေန၍၊ အထံေတာ္သို႔ ခ်ဥ္းကပ္ေစျခင္းငွာ၊ ကိုယ္ေတာ္ ေရြးေကာက္ေတာ္မူေသာ သူသည္ မဂၤလာရွိပါ၏။ သန္႔ရွင္းေသာ ဗိမာန္ေတာ္တည္းဟူေသာ အိမ္ေတာ္၌ ေကာင္းေသာအရာတို႔ႏွင့္ အကၽြန္ုပ္တို႔သည္ ဝေျပာၾကပါေစေသာ။
Burmese MCLZV
ဗိမာန္ေတာ္၌ေန၍အထံေတာ္သို႔ခ်ဥ္းကပ္ ေစရန္ ကိုယ္ေတာ္ရွင္ေရြးခ်ယ္ေသာသူမ်ားသည္ မဂၤလာရွိပါ၏။ ကၽြန္ေတာ္မ်ိဳးတို႔သည္ကိုယ္ေတာ္ရွင္၏အိမ္ေတာ္မွ ေကာင္းျမတ္ေသာအရာမ်ား၊သန႔္ရွင္းျမင့္ျမတ္သည့္ ဗိမာန္ေတာ္မွေကာင္းခ်ီးမဂၤလာမ်ားကိုခံစား ရရွိ ၾကသျဖင့္ေရာင့္ရဲၾကပါလိမ့္မည္။
Burmese MSBU
ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌နေထိုင်စေရန် ကိုယ်တော်ရွေးချယ်၍ အထံတော်သို့ခေါ်ဆောင်လာသောသူသည် မင်္ဂလာရှိ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်တည်းဟူသော ကိုယ်တော်၏အိမ်တော်မှကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝကြပါလိမ့်မည်။
Burmese MSBZ
ကိုယ္ေတာ္၏တံတိုင္းေတာ္မ်ားအတြင္း၌ေနထိုင္ေစရန္ ကိုယ္ေတာ္ေ႐ြးခ်ယ္၍ အထံေတာ္သို႔ေခၚေဆာင္လာေသာသူသည္ မဂၤလာရွိ၏။ အကြၽႏ္ုပ္တို႔သည္ ကိုယ္ေတာ္၏ သန႔္ရွင္းေသာဗိမာန္ေတာ္တည္းဟူေသာ ကိုယ္ေတာ္၏အိမ္ေတာ္မွေကာင္းျမတ္ေသာအရာျဖင့္ ျပည့္စုံႂကြယ္ဝၾကပါလိမ့္မည္။