Psalms 65:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ အောင်ပွဲကိုခံစေတော်မူပါ၏။ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူလျက် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ၏။ ကမ္ဘာတစ်ဝန်းလုံးနှင့်ပင်လယ်ရပ်ဝေးတွင် ရှိကြကုန်သောသူအပေါင်းတို့သည်ကိုယ်တော် ရှင်အား ကိုးစားကြပါ၏။
Burmese 1835 Version Judson
အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ်သော အမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။
Burmese 1928
အ ကျွန်ုပ် တို့ ကို ကယ် တင် ပိုင် ရှင်၊ မြေ ကြီး အ စွန်း နှင့် သ မု ဒ္ဒ ရာ အ ဖျား ရှိ ရှိ သ မျှ တို့ ၏ ကိုး စား ဖွယ် အ ရှင်၊ အို ဘု ရား သ ခင်၊ ကြောက် မက် ဖွယ် ဓ မ္မ မှု များ ဖြင့်၊ အ ကျွန်ုပ် တို့ အား တုံ့ ပြန် တော် မူ ပါ ၏။
Burmese 2021
အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပတ္ထနာကိုနားထောင်၍ အံ့ဖွယ်သောအမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသောမြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။
Burmese JBZV
အကၽြန္ုပ္တို႔ကို ကယ္တင္ေတာ္မူေသာ ဘုရား၊ အကၽြန္ုပ္တို႔၏ ပတၳနာကိုနားေထာင္၍ အံ့ဖြယ္ေသာအမွုတို႔ကို တရားေတာ္ႏွင့္အညီ ျပေတာ္မူ၏။ ကိုယ္ေတာ္သည္ ေဝးစြာေသာေျမႀကီးစြန္းႏွင့္၊ ပင္လယ္စြန္းတို႔၌ ေနေသာသူတို႔၏ ကိုးစားရာ ျဖစ္ေတာ္မူ၏။
Burmese MCLZV
ကိုယ္ေတာ္ရွင္သည္ကၽြန္ေတာ္မ်ိဳးတို႔၏ ဆုေတာင္းပတၳနာကိုနားေညာင္းေတာ္မူ၍ ေအာင္ပြဲကိုခံေစေတာ္မူပါ၏။ အံ့ၾသဖြယ္အမွုတို႔ကိုျပဳေတာ္မူလ်က္ ကၽြန္ေတာ္မ်ိဳးတို႔အားကယ္ေတာ္မူပါ၏။ ကမၻာတစ္ဝန္းလုံးႏွင့္ပင္လယ္ရပ္ေဝးတြင္ ရွိၾကကုန္ေသာသူအေပါင္းတို႔သည္ကိုယ္ေတာ္ ရွင္အား ကိုးစားၾကပါ၏။
Burmese MSBU
အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော်သည် အံ့ဩဖွယ်အမှုများဖြင့် ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်တို့ကိုထူးတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေအစွန်းရှိသမျှနှင့် ဝေးလံသောပင်လယ်၌နေသောသူတို့၏ ကိုးစားရာဖြစ်တော်မူ၏။
Burmese MSBZ
အကြၽႏ္ုပ္တို႔ကိုကယ္တင္ေတာ္မူေသာဘုရားသခင္၊ ကိုယ္ေတာ္သည္ အံ့ဩဖြယ္အမႈမ်ားျဖင့္ ေျဖာင့္မတ္ျခင္းထဲ၌ အကြၽႏ္ုပ္တို႔ကိုထူးေတာ္မူ၏။ ကိုယ္ေတာ္သည္ ကမာၻေျမအစြန္းရွိသမွ်ႏွင့္ ေဝးလံေသာပင္လယ္၌ေနေသာသူတို႔၏ ကိုးစားရာျဖစ္ေတာ္မူ၏။