Psalms 65:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်ရှင်သည်မိုးရေကို ချပေးတော်မူခြင်းအားဖြင့်ကမ္ဘာမြေကြီးကို ကြည့်ရှုစောင့်ရှောက်လျက်နေတော်မူကြောင်းကို ဖော်ပြတော်မူပါ၏။ ကမ္ဘာမြေကြီးကိုမြေသြဇာထက်သန်စေတော် မူပါ၏။ ကိုယ်တော်ရှင်သည်မြစ်ချောင်းတို့ကိုရေနှင့် ပြည့်စေတော်မူပါ၏။ ကမ္ဘာမြေကြီးတွင်ကောက်ပဲသီးနှံများကို ဖြစ်ပွားစေတော်မူပါ၏။ ကိုယ်တော်ရှင်စီရင်တော်မူပုံမှာဤသို့တည်း။
Burmese 1835 Version Judson
မြေကြီးကို အကြည့်အရှုကြွလာ၍၊ မိုဃ်းကို များစွာ ရွာစေလျက်၊ ရေနှင့် ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏။ ထိုသို့ မြေကို ပြုပြင်ပြီးမှ၊ မြေသားတို့အဘို့ စပါးကို ပြုပြင်တော်မူ၏။
Burmese 1928
ကိုယ် တော် သည် မြေ ကြီး ကို ကြည့် ရှု လျက်၊ မိုး ရွာ စေ လျက်၊ ပြန့် ပြော စေ တော် မူ ပါ ၏။ ဘု ရား သ ခင်၏ မြစ် ချောင်း များ လည်း ရေ ပြည့် လျှံ လျက် ရှိ၏။ လူ တို့ အ ဖို့ စ ပါး ကို ပြု စု တော် မူ ရာ၊
Burmese 2021
မြေကြီးကို အကြည့်အရှုကြွလာ၍၊ မိုးကိုများစွာရွာစေလျက်၊ ရေနှင့်ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏။ ထိုသို့မြေကိုပြုပြင်ပြီးမှ၊ မြေသားတို့အဖို့ စပါးကို ပြုပြင်တော်မူ၏။
Burmese JBZV
ေျမႀကီးကို အၾကည့္အရွုႂကြလာ၍၊ မိုးကိုမ်ားစြာရြာေစလ်က္၊ ေရႏွင့္ျပည့္ေသာ ဘုရားသခင္၏ ျမစ္အားျဖင့္ အလြန္ႂကြယ္ဝေစေတာ္မူ၏။ ထိုသို႔ေျမကိုျပဳျပင္ၿပီးမွ၊ ေျမသားတို႔အဖို႔ စပါးကို ျပဳျပင္ေတာ္မူ၏။
Burmese MCLZV
ကိုယ္ေတာ္ရွင္သည္မိုးေရကို ခ်ေပးေတာ္မူျခင္းအားျဖင့္ကမၻာေျမႀကီးကို ၾကည့္ရွုေစာင့္ေရွာက္လ်က္ေနေတာ္မူေၾကာင္းကို ေဖာ္ျပေတာ္မူပါ၏။ ကမၻာေျမႀကီးကိုေျမၾသဇာထက္သန္ေစေတာ္ မူပါ၏။ ကိုယ္ေတာ္ရွင္သည္ျမစ္ေခ်ာင္းတို႔ကိုေရႏွင့္ ျပည့္ေစေတာ္မူပါ၏။ ကမၻာေျမႀကီးတြင္ေကာက္ပဲသီးႏွံမ်ားကို ျဖစ္ပြားေစေတာ္မူပါ၏။ ကိုယ္ေတာ္ရွင္စီရင္ေတာ္မူပုံမွာဤသို႔တည္း။
Burmese MSBU
ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အကြည့်အရှုကြွလာတော်မူ၍ ၎င်းအပေါ် ရေကိုသွန်းဖြိုးစေလျက် အလွန်ကြွယ်ဝစေတော်မူ၏။ ဘုရားသခင်၏မြစ်သည် ရေနှင့်ပြည့်လျက်ရှိ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို ထိုသို့ပြင်ဆင်၍ လူတို့အား ကောက်ပဲသီးနှံများကိုပေးတော်မူ၏။
Burmese MSBZ
ကိုယ္ေတာ္သည္ ကမာၻေျမႀကီးကို အၾကည့္အရႈႂကြလာေတာ္မူ၍ ၎အေပၚ ေရကိုသြန္းၿဖိဳးေစလ်က္ အလြန္ႂကြယ္ဝေစေတာ္မူ၏။ ဘုရားသခင္၏ျမစ္သည္ ေရႏွင့္ျပည့္လ်က္ရွိ၏။ ကိုယ္ေတာ္သည္ ကမာၻေျမႀကီးကို ထိုသို႔ျပင္ဆင္၍ လူတို႔အား ေကာက္ပဲသီးႏွံမ်ားကိုေပးေတာ္မူ၏။