Psalms 66:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်ရှင်သည်ရန်သူတို့အားကျွန်တော်မျိုး တို့ကို ကျော်နင်းခွင့်ပေးတော်မူပါ၏။ ကျွန်တော်မျိုးတို့သည်မီးဘေးရေဘေးတို့နှင့် ကြုံတွေ့ရပါ၏။ သို့ရာတွင်ယခုအခါ၌ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါပြီ။
Burmese 1835 Version Judson
အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ။ မီး၌၎င်း၊ ရေ၌၎င်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏။
Burmese 1928
ဦး ခေါင်း ပေါ် မှာ၊ လူ တို့ ကို စီး နင်း စေ လျက်၊ မီး၌ လည်း ကောင်း၊ ရေ၌ လည်း ကောင်း၊ ဆင်း စေ ခြင်း ပြု တော် မူ သော် လည်း၊ ကြွယ် ဝ ရာ အ ရပ် သို့ ထုတ် ဆောင် တော် မူ ပါ ပြီ။
Burmese 2021
အကျွန်ုပ်တို့ခေါင်းပေါ်မှာ သူတစ်ပါးကိုစီးစေတော်မူပြီ။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏။
Burmese JBZV
အကၽြန္ုပ္တို႔ေခါင္းေပၚမွာ သူတစ္ပါးကိုစီးေစေတာ္မူၿပီ။ မီး၌လည္းေကာင္း၊ ေရ၌လည္းေကာင္း သြားရေသာ္လည္း၊ ေက်းဇူးေတာ္ေၾကာင့္ ႂကြယ္ဝျခင္းသို႔ ေရာက္ၾကပါ၏။
Burmese MCLZV
ကိုယ္ေတာ္ရွင္သည္ရန္သူတို႔အားကၽြန္ေတာ္မ်ိဳး တို႔ကို ေက်ာ္နင္းခြင့္ေပးေတာ္မူပါ၏။ ကၽြန္ေတာ္မ်ိဳးတို႔သည္မီးေဘးေရေဘးတို႔ႏွင့္ ၾကဳံေတြ႕ရပါ၏။ သို႔ရာတြင္ယခုအခါ၌ကိုယ္ေတာ္ရွင္သည္ ကၽြန္ေတာ္မ်ိဳးတို႔အားေဘးမဲ့လုံျခဳံရာသို႔ ပို႔ေဆာင္ေတာ္မူပါၿပီ။
Burmese MSBU
လူတို့ကို အကျွန်ုပ်တို့၏ခေါင်းပေါ်၌ ကျော်နင်းစေတော်မူပြီ။ အကျွန်ုပ်တို့သည် မီးထဲ၌လည်းကောင်း၊ ရေထဲ၌လည်းကောင်း ဖြတ်သွားကြရပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကြွယ်ဝသောအရပ်သို့ခေါ်ဆောင်တော်မူ၏။
Burmese MSBZ
လူတို႔ကို အကြၽႏ္ုပ္တို႔၏ေခါင္းေပၚ၌ ေက်ာ္နင္းေစေတာ္မူၿပီ။ အကြၽႏ္ုပ္တို႔သည္ မီးထဲ၌လည္းေကာင္း၊ ေရထဲ၌လည္းေကာင္း ျဖတ္သြားၾကရပါ၏။ သို႔ေသာ္ ကိုယ္ေတာ္သည္ အကြၽႏ္ုပ္တို႔ကို ႂကြယ္ဝေသာအရပ္သို႔ေခၚေဆာင္ေတာ္မူ၏။