Psalms 69:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်ကျွန်တော်မျိုးအဖို့မှာမူ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။ ကိုယ်တော်ရှင်၏မဟာမေတ္တာတော်ကို ထောက်၍လည်းကောင်း၊ ကယ်တော်မူမည်ဟုကိုယ်တော်ရှင်ထားတော်မူသည့် ကတိတော်ကိုထောက်၍လည်းကောင်း တောင်းလျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ အို ဘုရားသခင်၊ အလိုတော်ရှိချိန်၌ကျွန်တော်မျိုး၏ ဆုတောင်းပတ္ထနာကိုဖြေကြားတော်မူပါ။
Burmese 1835 Version Judson
အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏။ အိုဘုရားသခင်၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း၊ အကျွန်ုပ် စကားကို နားထောင်တော်မူပါ။
Burmese 1928
အ ကျွန်ုပ် မူ ကား၊ အို ထာ ဝ ရ ဘု ရား။ လက် ခံ တော် မူ ဖွယ် အ ချိန်၌၊ ကိုယ် တော့် ထံ ပ ဌ နာ ပြု ပါ၏။ အို ဘု ရား သ ခင်၊ က ရု ဏာ တော် များ ပြား သည့် အ လျောက်၊ ကယ် တင် တော် မူ ခြင်း တည် တံ့ သည့် အ လျောက်၊ တုံ့ ပြန် ၍၊
Burmese 2021
အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏။ အိုဘုရားသခင်၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း၊ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။
Burmese JBZV
အိုထာဝရဘုရား၊ အကၽြန္ုပ္မူကား၊ မဂၤလာအခ်ိန္ကာလ၌ ကိုယ္ေတာ္ကို ဆုေတာင္းပါ၏။ အိုဘုရားသခင္၊ က႐ုဏာေတာ္ ႂကြယ္ဝသည္ႏွင့္အညီ၊ ကယ္တင္ေတာ္မူျခင္း သစၥာအတိုင္း၊ အကၽြန္ုပ္စကားကို နားေထာင္ေတာ္မူပါ။
Burmese MCLZV
သို႔ရာတြင္ကၽြန္ေတာ္မ်ိဳးအဖို႔မွာမူ အို ထာဝရဘုရား၊ ကိုယ္ေတာ္ရွင္ထံေတာ္သို႔ဆုေတာင္းပတၳနာျပဳပါမည္။ ကိုယ္ေတာ္ရွင္၏မဟာေမတၱာေတာ္ကို ေထာက္၍လည္းေကာင္း၊ ကယ္ေတာ္မူမည္ဟုကိုယ္ေတာ္ရွင္ထားေတာ္မူသည့္ ကတိေတာ္ကိုေထာက္၍လည္းေကာင္း ေတာင္းေလၽွာက္ထားခ်က္ကိုနားေညာင္းေတာ္မူပါ။ အို ဘုရားသခင္၊ အလိုေတာ္ရွိခ်ိန္၌ကၽြန္ေတာ္မ်ိဳး၏ ဆုေတာင္းပတၳနာကိုေျဖၾကားေတာ္မူပါ။
Burmese MSBU
အို ထာဝရဘုရား၊ အကျွန်ုပ်မူကား နှစ်သက်ဖွယ်သောအချိန်၌ ကိုယ်တော့်ထံ ဆုတောင်းပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်၏ကြီးမားသောမေတ္တာကရုဏာနှင့်အညီ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သော သမ္မာတရားဖြင့် အကျွန်ုပ်ကိုထူးတော်မူပါ။
Burmese MSBZ
အို ထာဝရဘုရား၊ အကြၽႏ္ုပ္မူကား ႏွစ္သက္ဖြယ္ေသာအခ်ိန္၌ ကိုယ္ေတာ္ထံ ဆုေတာင္းပါ၏။ အို ဘုရားသခင္၊ ကိုယ္ေတာ္၏ႀကီးမားေသာေမတၱာက႐ုဏာႏွင့္အညီ ကိုယ္ေတာ္၏ကယ္တင္ျခင္းႏွင့္ဆိုင္ေသာ သမၼာတရားျဖင့္ အကြၽႏ္ုပ္ကိုထူးေတာ္မူပါ။