Psalms 72:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
တိုင်းပြည်အတွင်း၌စားနပ်ရိက္ခာပေါများပါ စေသော။ လေဗနုန်တောင်တွင်သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသကဲ့သို့ တောင်ကုန်းများသည်ကောက်ပဲသီးနှံများ ဖြင့် ဖုံးအုပ်လျက်ရှိပါစေသော။ မြို့ကြီးများရှိလူဦးရေသည်ကွင်းပြင်ရှိ မြက်ကဲ့သို့ထူထပ်ပေါများပါစေသော။
Burmese 1835 Version Judson
ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံ သည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှား လိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။
Burmese 1928
နေ ပြည်၌၊ တောင် ထိပ် အ ထိ စ ပါး ပေါ များ ၍၊ လေ ဗ နုန် တော ကဲ့ သို့ အ သီး အ နှံ လှုပ် ရှား လျက်၊ ကောက် ပဲ နှင့် အ မျှ မြို့ သူ မြို့ သား တို့ ပွင့် လန်း ကြ ပါ စေ သော။
Burmese 2021
ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။
Burmese JBZV
ျပည္ေတာ္၌ မ်ားစြာေသာ စပါးရွိ၍၊ အသီးအႏွံသည္ ေလဗႏုန္ေတာကဲ့သို႔ ေတာင္ထိပ္ေပၚမွာ လွုပ္ရွားလိမ့္မည္။ ၿမိဳ႕သူၿမိဳ႕သားတို႔သည္လည္း၊ ေျမ၏ျမက္ပင္ကဲ့သို႔ စည္ပင္ၾကလိမ့္မည္။
Burmese MCLZV
တိုင္းျပည္အတြင္း၌စားနပ္ရိကၡာေပါမ်ားပါ ေစေသာ။ ေလဗႏုန္ေတာင္တြင္သစ္ေတာမ်ားျဖင့္ ဖုံးအုပ္လ်က္ရွိသကဲ့သို႔ ေတာင္ကုန္းမ်ားသည္ေကာက္ပဲသီးႏွံမ်ား ျဖင့္ ဖုံးအုပ္လ်က္ရွိပါေစေသာ။ ၿမိဳ႕ႀကီးမ်ားရွိလူဦးေရသည္ကြင္းျပင္ရွိ ျမက္ကဲ့သို႔ထူထပ္ေပါမ်ားပါေစေသာ။
Burmese MSBU
ပြည်တော်၌ များစွာသောဂျုံစပါးရှိ၍ တောင်များပေါ်၌ယိမ်းနွဲ့လျက်ရှိကြပါစေသော။ ၎င်း၏အသီးအနှံတို့သည် လက်ဘနွန်ကဲ့သို့ ဖြစ်ကြပါစေသော။ လူတို့သည် တော၌ရှိသောမြက်ပင်များကဲ့သို့ မြို့ရွာတွင် ရှင်သန်ကြပါစေသော။
Burmese MSBZ
ျပည္ေတာ္၌ မ်ားစြာေသာဂ်ဳံစပါးရွိ၍ ေတာင္မ်ားေပၚ၌ယိမ္းႏြဲ႕လ်က္ရွိၾကပါေစေသာ။ ၎၏အသီးအႏွံတို႔သည္ လက္ဘႏြန္ကဲ့သို႔ ျဖစ္ၾကပါေစေသာ။ လူတို႔သည္ ေတာ၌ရွိေသာျမက္ပင္မ်ားကဲ့သို႔ ၿမိဳ႕႐ြာတြင္ ရွင္သန္ၾကပါေစေသာ။