Psalms 78:55 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မိမိ၏လူစုတော်ရှေ့သို့ချီတက်လာကြသောအခါ ချဉ်းနင်းဝင်ရောက်မည့်ပြည်၌နေထိုင်ကြသူတို့ကို နှင်ထုတ်တော်မူ၏။ ဣသရေလအနွယ်တို့အားထိုပြည်ကိုခွဲဝေ သတ်မှတ် ပေးတော်မူပြီးလျှင် ထိုအရပ်အသီးသီးတွင်အတည်တကျ နေထိုင်စေတော်မူ၏။
Burmese 1835 Version Judson
သူတို့ရှေ့မှာလည်း၊ တပါးအမျိုးသားတို့ကို နှင် ထုတ်ပြီးလျှင်၊ ဣသရေလအမျိုးအနွယ် အသီးအသီးတို့ သည် အမွေခံရသော မြေကို တာထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။
Burmese 1928
လူ မျိုး ခြား တို့ ကို ရှေ့ မှ နှင် ထုတ် ပြီး လျှင်၊ ဣ သ ရေ လ အ နွယ် များ၏ အ ပိုင် အ ဖြစ်၊ တာ ထိုး ဝေ ပေး လျက်၊ တဲ များ တွင် နေ ရာ ချ တော် မူ ခြင်း များ တည်း။
Burmese 2021
သူတို့ရှေ့မှာလည်း၊ တစ်ပါးအမျိုးသားတို့ကိုနှင်ထုတ်ပြီးလျှင်၊ ဣသရေလအမျိုးအနွယ် အသီးအသီးတို့သည် အမွေခံရသောမြေကိုတာထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။
Burmese JBZV
သူတို႔ေရွ႕မွာလည္း၊ တစ္ပါးအမ်ိဳးသားတို႔ကိုႏွင္ထုတ္ၿပီးလၽွင္၊ ဣသေရလအမ်ိဳးအႏြယ္ အသီးအသီးတို႔သည္ အေမြခံရေသာေျမကိုတာထိုး၍ ပိုင္းျခားလ်က္ ေနရာခ်ေတာ္မူ၏။
Burmese MCLZV
မိမိ၏လူစုေတာ္ေရွ႕သို႔ခ်ီတက္လာၾကေသာအခါ ခ်ဥ္းနင္းဝင္ေရာက္မည့္ျပည္၌ေနထိုင္ၾကသူတို႔ကို ႏွင္ထုတ္ေတာ္မူ၏။ ဣသေရလအႏြယ္တို႔အားထိုျပည္ကိုခြဲေဝ သတ္မွတ္ ေပးေတာ္မူၿပီးလၽွင္ ထိုအရပ္အသီးသီးတြင္အတည္တက် ေနထိုင္ေစေတာ္မူ၏။-
Burmese MSBU
ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။
Burmese MSBZ
ထို႔ေနာက္ လူမ်ိဳးျခားတို႔ကို သူတို႔ေရွ႕မွႏွင္ထုတ္ေတာ္မူၿပီး အေမြအျဖစ္ တိုင္းတာသတ္မွတ္ထားေသာနယ္ေျမအလိုက္ သူတို႔ကိုခြဲေဝေပး၍ အစၥေရးအမ်ိဳးအႏြယ္တို႔အား မိမိတို႔တဲမ်ား၌ ေနထိုင္ေစေတာ္မူ၏။