Psalms 84:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုသူတို့သည်ခြောက်သွေ့နေသည့်ဗာကာ ချိုင့်ဝှမ်းကို ဖြတ်သန်းသွားစဉ်ရေများပေါက်၍လာပါ၏။ မိုးဦးရွာသဖြင့်အိုင်များထွန်း၍လာပါ၏။
Burmese 1835 Version Judson
သူတို့သည် ဗာကာလွင်ပြင်၌ ရှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ အရင် မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။
Burmese 1928
ငို ကြွေး ရာ ချိုင့် ကို လျှောက် သွား စဉ်၊ မိုး ဦး ကြောင့် ကောင်း ကြီး များ လွှမ်း ခြုံ၍၊ စမ်း ရေ ထွက် ရာ အ ရပ် ဟု မှတ် သား သူ တို့ သည်၊ မင်္ဂ လာ ရှိ ကြ ၏။
Burmese 2021
သူတို့သည် ဗာကာလွင်ပြင်၌ လျှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ်ဖြစ်စေကြပါ၏။ အရင် မိုးရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။
Burmese JBZV
သူတို႔သည္ ဗာကာလြင္ျပင္၌ ေလၽွာက္သြားစဥ္၊ ထိုလြင္ျပင္ကို စမ္းေရထြက္ရာအရပ္ျဖစ္ေစၾကပါ၏။ အရင္ မိုးေရလည္း မဂၤလာမ်ားႏွင့္ လႊမ္းေစပါ၏။
Burmese MCLZV
ထိုသူတို႔သည္ေျခာက္ေသြ႕ေနသည့္ဗာကာ ခ်ိဳင့္ဝွမ္းကို ျဖတ္သန္းသြားစဥ္ေရမ်ားေပါက္၍လာပါ၏။ မိုးဦးရြာသျဖင့္အိုင္မ်ားထြန္း၍လာပါ၏။
Burmese MSBU
သူတို့သည် ဗာကာချိုင့်ဝှမ်း ကို ဖြတ်သွားကြရသော်လည်း ၎င်းကို စမ်းရေထွက်ရာအရပ်ဖြစ်စေပါ၏။ မိုးဦးသည်လည်း ထိုနေရာကို ကောင်းချီးမင်္ဂလာများနှင့် ဖုံးလွှမ်းပေးပါ၏။
Burmese MSBZ
သူတို႔သည္ ဗာကာခ်ိဳင့္ဝွမ္း ကို ျဖတ္သြားၾကရေသာ္လည္း ၎ကို စမ္းေရထြက္ရာအရပ္ျဖစ္ေစပါ၏။ မိုးဦးသည္လည္း ထိုေနရာကို ေကာင္းခ်ီးမဂၤလာမ်ားႏွင့္ ဖုံးလႊမ္းေပးပါ၏။